Wednesday, February 4, 2015
ဂျပန်နိုင်ငံ တိုဘူးတိရိစ္ဆာန်ဥယျာဉ်မှ ကျားဖြူသားပေါက်ကလေး(၄)ကောင်၏ ဗီဒီယိုမှတ်တမ်းကို မိတ်ဆက်ဂျပန်နိုင်ငံ အနောက်မြောက်ပိုင်း စိုင်တာမာရှိ တိုဘူးတိရိစ္ဆာန် ဥယျာဉ်က ရှားပါး ကျားဖြူသားပေါက်ကလေး(၄)ကောင်၏ ဗီဒီယိုမှတ်တမ်းကို အခုတစ်ပတ်အတွင်းမှာ မိတ်ဆက်လိုက်ပါသည်။ ဒီကျားပေါက်လေးတွေဟာ ရော့ကီးနှင့် ကာလာလို့ခေါ်တဲ့ ကျားဖြူ(၂)ကောင်၏ ရင်သွေးလေးတွေဖြစ်ပြီး ကျားဖြူများဟာ အရောင်အသွေး ထူးကဲနေတဲ့ ဘင်္ဂလားကျားများ ဖြစ်သည်ဟု ယုံကြည်ထားပါသည်။ တစ်ကမ္ဘာလုံး အတိုင်းအတာနှင့်ဆိုရင် ကောင်ရေ(၁၀၀)ကနေ(၂၀၀)လောက်ပဲ ရှိသည်ဟု သိရပါသည်။ ကျားဖြူတော်တော်များများကိုတော့ တိရိစ္ဆာန်ဥယျာဉ်တွေမှာ တွေ့နိုင်သလို ဂျပန်နိုင်ငံကတော့ ကောင်ရေ (၃၀)လောက်ကို လက်ရှိမှာ ထိန်းသိမ်းစောင့်ရှောက် ထားသည်ဟုဆိုပါသည်။ တိုဘူးတိရိစ္ဆာန်ဥယျာဉ်က ကျားပေါက်လေးတွေကတော့ ပထမဦးဆုံး နို့ဖြတ်ကာလကို ဖြတ်သန်းနေဆဲဖြစ်ကာ ကင်းပွန်းလဲ မတပ်ရသေးသလို အများပြည်သူနှင့်လဲ မိတ်မဆက်ရသေးဘုးလို့ သိရပြီး ဧပြီလလောက်မှသာ အမည်ပေးသွားဖို့ တိရိစ္ဆာန်ဥယျာဉ်က မျှော်မှန်းထားကြောင်း သိရှိရပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment