ကမ္ဘာ့ဟဲဗီးဝိတ်-ချန်ပီယံ
ဗလာဒီမာ-ကလစ်ရှ်ကိုက ၄င်း၏ချန်ပီယံဘွဲ့ကို ကာကွယ်ဖို့အတွက် လက်ရှိအချိန်ထိ ရှုံးပွဲမရှိသေးတဲ့
အမေရိကန်သား စိန်ခေါ်သူ ဘရိုင်းရန်ထ်-ဂျန်နင်းနှင့် လာမယ့်ဧပြီလ (၂၅)ရက်နေ့မှာ ယှဉ်ပြိုင်
ထိုးသတ်ရတော့မှာပါ။ အသက်(၃၈)နှစ်ရှိပြီဖြစ်တဲ့ ယူကရိန်းသား ကလစ်ရှ်ကိုဟာ IBF ၊ IBO ၊ WBA၊
WBO နှင့် The Ring မဂ္ဂဇင်း၏ ကမ္ဘာ့ဟဲဗီးဝိတ် သရဖူများကို ရယူပိုင်ဆိုင်ထားသူလဲ
ဖြစ်ပါသည်။ အခုတစ်ကြိမ်မှာတော့ အမေရိကန်ပြည်ထောင်စု Midison Square Garden မှာ ထိုးသတ်ရမှာဖြစ်လို့ (၇)နှစ်အတွင်း
အမေရိကန်မြေပေါ်မှာ ပထမဦးဆုံး ထိုးသတ်ရမယ့် ပွဲလဲဖြစ်ပါသည်။ ဗလာဒီမာ-ကလစ်ရှ်ကို ၏ ထိုးသတ်မှု
ရလာဒ်တွေကတော့ (၆၃)ပွဲနိုင်၊ (၃)ပွဲရှုံးထားပြီး (၁၀)ပွဲ အလဲထိုးတာဖြစ်ကာ ရင်ဆိုင်တွေ့မယ့်
အမေရိကန်သား ဂျန်းနင်းကတော့ ထိုးသတ်ထားသမျှ (၁၉)ပွဲလုံးကို အနိုင်ရထားပြီး (၁၀)ပွဲ
အလဲထိုးထားသူတစ်ဦးပါ၊ Midison Square Garden မှာပြုလုပ်ခဲ့တဲ့ မီဒီယာအခမ်းအနားမှာတော့
ဂျန်းနင်းက (လာမယ့်ဧပြီ(၂၅)ရက်နေ့ဟာ သမိုင်းသစ် ရေးထိုးရမယ့်နေ့ပါ။ သမိုင်းသစ် ထိုးမယ့်သူကလဲ
ကျွန်တော်ကိုယ်တိုင်ပါပဲလို့) ဖြေကြားထားပါသည်။
ချန်ပီယံခါးပတ်ကို ကာကွယ်ထိုးသတ်မယ့် အခုပွဲကို အမေရိကန် ပြည်ထောင်စုမှာတော့
HBO က တာဝန်ယူပြီး ရုပ်သံထုတ်လွှင့်သွားမှာဖြစ်ကာ ဂျာမနီမှာတော့ RTLက ထုတ်လွှင့်သွားမှာဖြစ်သည်ဟု
သိရှိရပါသည်။
No comments:
Post a Comment