Sunday, February 1, 2015

ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ နှစ် (၁၀၀)ပြည့် အခမ်းအနား ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေး

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးအဖွဲ့သည် နှစ်စဉ် ဖေဖော်ဝါရီလ (၁၃)ရက်နေ့မှာ ကျင်းပသည့် မြန်မာနိုင်ငံ ကလေးများနေ့ အထိမ်းအမှတ် အခမ်းအနားကို ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ နှစ် (၁၀၀)ပြည့် အခမ်းအနားအဖြစ် ယခုနှစ်မှာ တစ်နိုင်ငံလုံးတွင် ကျင်းပရန် စီစဉ်ဆောင်ရွက်လျက်ရှိရာ နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ ကျောင်းများတွင်လည်း စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို နေပြည်တော်ကောင်စီနယ်မြေ မင်္ဂလာသိဒ္ဓိရပ်ကွက်ရှိ ရင်သွေးရတနာ မူလတန်းကြိုကျောင်းမှာ ဖေဖော်ဝါရီလ (၁၀)ရက်နေ့က ကျင်းပခဲ့ပါသည်။

No comments:

Post a Comment