Sunday, February 1, 2015

(၂၅)ကြိမ်မြောက် နမ့်လန်ဒေသလုံးဆိုင်ရာ ၀ိနယာဒိနုဂ္ဂဟ စာမေး၊ပြန်ပွဲတော် ဆုပေးပွဲကျင်းပ

ဇန်န၀ါရီလ(၂၇)ရက်နေ့ မနက်က ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် နမ့်လန်ကျေးရွာအုပ်စု မဟာမြတ်မုနိဘုရားကျောင်း တောင်ကြီးတွင် (၂၅)ကြိမ်မြောက် နမ့်လန်ဒေသလုံးဆိုင်ရာ ၀ိနယာဒိနုဂ္ဂဟ စာမေး၊ပြန်ပွဲတော် ဆုပေးပွဲ ကျင်းပရာ နမ့်လန်ဒေသတွင်းမှ စာအောင်သံဃာတော်များကို အောင်လက်မှတ်နှင့် ဆုများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ထို့နောက် စာပေဟောပြောပွဲ ကျင်းပပါသည်။ စာပေဟောပြောပွဲ အပြီးတွင် နမ့်လန်ဒေသမှ ရှမ်းတိုင်းရင်းသူလေးများက (၂၅)ကြိမ်မြောက်  နမ့်လန်ရှမ်းစာပေနှင့် ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်း ငွေရတူ အထိမ်းအမှတ်ကို စာလုံးဖော်အကဖြင့် ကပြဖော်ပြေခဲ့ပါသည်။ ထို့နောက် ပင့်ကျောင်းပေါင်း (၁၅၀)မှ သံဃာတော်အပါး (၉၀၀)ကျော်အား ဆွမ်း၊ဆန်စိမ်း လောင်းလှူပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ ညပိုင်းတွင် ရှမ်းစာပေနှင့် ဗုဒ္ဓဘာသာ ယဉ်ကျေးမှု သင်တန်းမှ ထူးချွန်ဆရာ/မများ၊ ထူးချွန်ကျောင်းသား၊ သူများ တက္ကသိုလ်ဝင်တန်း ထူးချွန် ကျောင်းသား၊သူများနှင့် ဒေသအကျိုးပြု ထူးချွန် ပုဂ္ဂိုလ်များအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ထို့နောက် ရှမ်းတိုင်းရင်းသား အဆိုတော်များက တေးသီချင်းများဖြင့် ဖျော်ဖြေပေးခဲ့ပါသည်။ ဇန်န၀ါရီလ (၂၈)ရက်နေ့တွင် စာပေဟောပြောပွဲများနှင့် ရိုးရာအကကပြဖျော်ဖြေ ခြင်းများကျင်းပပြုလုပ်ခဲ့ပါသည်။ ဇန်န၀ါရီလ (၂၉)ရက်နေ့တွင် နမ့်လန်ငွေရတု သဘင်ပွဲတော် ကျင်းပရာ မိုင်းဖုန်း ဆရာတော်ကြီးက အနုမောဒနာ တရားဟောကြား ချီးမြှင့်ပေးခဲ့ပါသည်။ 

No comments:

Post a Comment