Friday, February 27, 2015

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၀)ရက်မြောက်နေ့ ဆက်လက်ကျင်းပ

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၀)ရက်မြောက်နေ့ကို ဖေဖော်ဝါရီလ (၂၇)ရက် မနက် (၁၀)နာရီခွဲက ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့၏ ပြည်ပခရီးစဉ်(၄)ခုကို လွှတ်တော်က မှတ်တမ်းတင်ခဲ့ပါသည်။ ဆက်လက်ပြီး ယမန်နေ့က ဆွေးနွေးခဲ့သည့် ၂၀၁၅-၂၀၁၆ ခု ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်း၏ မူနှင့် အခြေခံသဘော အပါအဝင် စီမံကိန်းလုပ်ငန်းများနှင့် စပ်လျဉ်းပြီး မင်းလှမဲဆန္ဒနယ်မှ ဦးမောင်တိုး၊ ရွှေဘိုမဲဆန္ဒနယ်မှ ဒေါက်တာအောင်သန်း၊ ထန်းတပင်မဲဆန္ဒနယ်မှ ဦသိန်းရီ၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၅)မှ ဦးဇော်မြင့်ဖေ၊ ငပုတော မဲဆန္ဒနယ်မှ ဒေါ်ခင်သန်းမြင့်၊ ဆိပ်ကမ်း မဲဆန္ဒနယ်မှ ဒေါက်တာနေလင်း၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၄)မှ ဒေါက်တာမြတ်ဥာဏစိုး၊ စဥ့်ကိုင် မဲဆန္ဒနယ်မှ ဦးကြည်ပြုံး၊ ကျောက်ကြီး မဲဆန္ဒနယ်မှ ဦးဥာဏ်ဆွေဝင်း၊ ကလေး မဲဆန္ဒနယ်မှ ဦးတင်လှိုင်နဲ့ ပြည်ထောင်စု လွှတ်တော် ဒုတိယနာယက ဦးနန္ဒကျော်စွာတို့က ပါဝင်ဆွေးနွေး ခဲ့ကြပါသည်။ ယနေ့ အစည်းအဝေးကို မွန်းလွဲ (၁၂)နာရီ (၅၅)မိနစ်မှာ ရပ်နားခဲ့ပြီး အစည်းအဝေး (၂၁)ရက်မြောက်နေ့ကို မတ်လ (၅)ရက် မွန်းလွဲ (၁)နာရီမှာ ဆက်လက် ကျင်းပမှာ ဖြစ်ပါသည်။ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှ ၂၀၁၅-၂၀၁၆ ခု ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်း မူနှင့် အခြေခံသဘော အပါအဝင် စီမံကိန်းလုပ်ငန်းများနှင့် စပ်လျဉ်းပြီး လွှတ်တော် ကိုယ်စားလှယ်များရဲ့ ဆွေးနွေးချက်များ အပေါ် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများက အခုလို မှတ်ချက်ပြု ပြောကြားခဲ့ကြပါသည်။

No comments:

Post a Comment