Friday, February 27, 2015

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ထိုင်းနိုင်ငံ Samut Sakom ခရိုင်ရှိ ခရိုင်ကျန်းမာရေးမြှင့်တင်မှုဆေးရုံ၌ မြန်မာပြောင်းရွှေ့အလုပ်သမားများနှင့် တွေ့ဆုံအားပေး

ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ရောက်ရှိနေသော ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် ကယားပြည်နယ် ၀န်ကြီးချုပ် ဦးခင်မောင်ဦး၊ ဒုတိယ၀န်ကြီး များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ ဖေဖော်ဝါရီလ (၂၇)ရက်နေ့ နံနက်ပိုင်း ဒေသစံတော်ချိန် ၉နာရီ မိနစ် ၂၀တွင် Samut Sakom ခရိုင်ရှိ ခရိုင်ကျန်းမာရေးမြှင့်တင်မှုဆေးရုံသို့ ရောက်ရှိကြရာ Samut Sakom ခရိုင် ပြည်နယ်အုပ်ချုပ်ရေးမှူး Acting Pol. Lt. Arthit Boonyasophat နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် ဆေးရုံအစည်းအဝေးခန်းမ၌ Registered Nurse, Profession al Level Ms. NAHATHAI CHULKARAT က ခရိုင်ကျန်းမာရေးမြှင့်တင် မှုဆေးရုံ ဆိုင်ရာအချက်အလက်များ၊ ကျန်းမာရေးစောင့်ရှောက်မှုစနစ်နှင့် ကျန်းမာရေးစီမံ ခန့်ခွဲမှု၊ အများပြည်သူနှင့် သက်ဆိုင်သည့်ကျန်း မာရေးစောင့်ရှောက် မှုဆိုင်ရာ များကို ရှင်းလင်းတင်ပြရာ ဒုတိယသမ္မတ နှင့် အဖွဲ့ဝင်များက သိရှိလိုသည်များကို မေးမြန်းခဲ့ကြသည်။ ထို့နောက် ဒုတိယသမ္မတနှင့် ပြည်နယ်အုပ်ချုပ်ရေးမှူးတို့သည် အဆိုပါဆေးရုံ၌ ဆေးဝါးကုသမှုခံယူလျက် ရှိသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ ထောက်ပံ့ အားပေးစကားပြောကြားခဲ့သည်။
ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် Queen Sirikit Health Center (ခရိုင်ခွဲဆေးရုံ)သို့ရောက်ရှိရာ ခရိုင်ခွဲဆေးရုံမှ တာဝန်ရှိသူများက ခရိုင်ခွဲဆေးရုံ ဆိုင်ရာအချက်အလက်များနှင့် ရွှေ့ပြောင်းအလုပ်သမားများအား ဆေးဝါးကုသ ပေးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် ခရိုင်ခွဲဆေးရုံအတွင်း ရောဂါအမျိုး အစားအလိုက် ဆေးဝါးကုသပေး နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုလေ့လာကြသည်။ ထို့နောက် အစည်းအဝေးခန်း၌ ခရိုင်ခွဲဆေးရုံမှ တာဝန်ရှိသူများက ဒေသခံ ပြည်သူများနှင့် ရွှေ့ပြောင်းအလုပ် သမားများအား ဆေးဝါးကုသပေးနေမှု၊ ကျန်းမာ ရေးစောင့်ရှောက်မှုဆိုင်ရာများ ဆောင်ရွက်ပေးနေမှုနှင့် Health Volunteers များ အခြေအနေကို ရှင်းလင်းတင်ပြကြရာ ဒုတိယသမ္မတက သိရှိလိုသည်များကို မေးမြန်းခဲ့သည်။

No comments:

Post a Comment