Wednesday, February 25, 2015

အသက်မွေးဝမ်းကျောင်းလုပ်ငန်းများတွင် အရင်နှစ်များနှင့်နှိုင်းယှဉ်ရင် ပိုမိုကောင်းမွန်သည့် ရလာဒ်များ ထွက်ပေါ်



မြန်မာနိုင်ငံရှိ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ၏ လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ အခြေအနေများကို စောင့်ကြည့်လေ့လာသုတေသနပြုနေသည့်   QSEM    စီမံကိန်းကို အသက်မွေးဝမ်းကျောင်းနှင့် စားနပ်ရိက္ခာ ဖူလုံရေး ရန်ပုံငွေအဖွဲ့က ၂၀၁၂ခုနှစ်၊ အစောပိုင်း ကာလများကနေ သုတေသနပြုလာခဲ့ကြောင်း သိရပါသည်။ လေးကြိမ်မြောက် QSEM လေ့လာမှုကို  ၂၀၁၄ မတ်လမှ မေလအတွင်းပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံတစ်လွှားရှိ အပူပိုင်းဒေသ၊ ကမ်းရိုးတန်းဒေသ၊ တောင်ပေါ်ဒေသများက ကျေးရွာပေါင်း (၅၄)ရွာကို နက်ရှိုင်းစွာ လေ့လာထားသည့် စီမံကိန်းဖြစ်ကြောင်း သိရပါသည်။ ထိုစီမံကိန်း၏ လေ့လာတွေ့ရှိချက်တွေအရ တောင်သူလယ်သမားတွေ အနေနှင့် အရင်နှစ်များနှင့် နှိုင်းယှဉ်ရင် စိုက်ပျိုးရေးလုပ်ငန်းများတွင် သီးနှံအထွက်တိုးပြီး ဈေးကောင်းရကြသော်လည်း လုပ်သားရှားပါးမှု အခက်အခဲများ ရှိနေဆဲဖြစ်သည်ဟု သိရပါသည်။ ကျေးလက်တောင်သူများအတွက် အစိုးရနှင့် အခြားအဖွဲ့အစည်းများ၏ ချေးငွေထုတ်ပေးမှုမှာ လွန်ခဲ့သည့်နှစ်နှစ်ခန့်ကထက် များပြားပြီး အတိုးနှုန်းပိုမိုသက်သာ လာသော်လည်း တစ်ချို့လယ်သမားများ အတွက်က အခက်အခဲများ ရှိနေဆဲဖြစ်ကြောင်း သိရပါသည်။ QSEM ၏ တတိယအကြိမ် လေ့လာတွေ့ရှိချက်များအရ လေ့လာမှုတွင်ပါဝင်မည့် ရွာပေါင်း (၅၄)ရွာတွင် အစိုးရ၏ အထောက်အပံ့စီမံကိန်းပေါင်း (၆၈)ခုရှိခဲ့ရာမှ စတုတ္ထအကြိမ်လေ့လာမှုတွင် (၁၆၅)ခုထိ တိုးတက်လာခြင်းကို တွေ့ရကြောင်း သိရပါသည်။ 

No comments:

Post a Comment