Tuesday, February 3, 2015

ဂျူးလူမျိုးများ၏ ဘ၀ကို ပုံဖော်နိုင်မည့် ရှေးဟောင်းကျောက်ပြားများကို အီရတ်တွင်တွေ့ရှိ

ရှေးဟောင်းပညာရှင်များဟာ ဂျူးလူမျိုးတွေ၏ ဘ၀ကို ပုံဖော်နိုင်မည့် ရှေးဟောင်းကျောက်ပြားများကို အီရတ်မှာတွေ့ရှိခဲ့ပြီး ရှေးဟောင်းပစ္စည်း စုဆောင်းသူ အစ္စရေးလူမျိုးတစ်ဦးက သယ်ဆောင်လာခဲ့ကာ ၄င်းရှေးဟောင်း ကျောက်ပြားများကို လက်ရှိမှာ ဂျေရုစလင်မှာရှိသည့် Bible Lands ပြတိုက်တွင် ပြသထားကြောင်း သိရပါသည်။ ၄င်းကျောက်ပြားများပေါ်မှာ ရေးထွင်းထားသည့် ကျောက်စာများဟာ လွန်ခဲ့သည့်နှစ်ပေါင်း (၂၅၀၀)လောက်က ဂျေရုစလင်ကနေ ဘေဘီလွန်ကို နယ်နှင်ဒဏ်ပေးခံခဲ့ရသည့် ဂျုးတွေ၏ဘ၀တွေနှင့် အရေးပါသည့် ဆက်နွယ်မှုတစ်ခု ဖြစ်သည်ဟုလည်း ဆိုပါသည်။ နယ်နှင်ဒဏ်ပေးခံခဲ့ရတာကနေ အသက်ရှင်လွတ်မြောက်ခဲ့သည့် ဂျူးတွေ ဘာတွေဖြစ်ခဲ့တယ်ဆိုတာကို ရိုးရှင်းလွယ်ကူစွာ ပြောပြနိုင်ဖို့ ခိုင်မာပြည့်စုံသည့် ရုပ်ပုံ၊ ၀တ္တု၊ဇာတ်လမ်းတစ်ခု ၄င်းတို့မှာရှိနေပြီဖြစ်ကြောင်း ရှေးဟောင်းပညာရှင်များက ပြောကြားခဲ့ကြပါသည်။ ကျောက်ထက်အက္ခရာများကို အာခေးဒီးယန်း ဘာသာစကားနှင့် ရေးထိုးထားပြီး အကြွေးနှင့်အတိုး တွက်ချက်မှုများ၊ အခွန်ပေးချေမှုများ၊ အစားအစာနှင့် အခြားကုန်ချောကုန်ကြမ်း ရောင်းဝယ်ကုန်သွယ်မှုများကို အသေးစိတ် ရေးထိုးထားကြောင်း သိရှိရပါသည်။

No comments:

Post a Comment