ဗြိတိန်နိုင်ငံမှ
ဥပဒေပြုသူများသည် ကမ္ဘာ့ပထမဆုံး
မိဘ(၃)ဦးမှ ကလေးများကို မွေးဖွားခွင့်ပြုရန် မဲပေးခဲ့ကြောင်း သိရပါသည်။ ၄င်းတို့သည်
စမ်းသပ်ဖန်ပြွန် သန္ဓေသား လုပ်ဆောင်ချက်တစ်ခုကို အတည်ပြုထောက်ခံခဲ့ပြီး ၄င်းလုပ်ဆောင်ချက်ဟာ
ကုသလို့ မရနိုင်သည့် မျိုးဗီဇဆိုင်ရာရောဂါ အချို့ကနေ တားဆီးကာကွယ်ရန် အလှူရှင်(၃)ဦးထံမှ
DNA ကို ယူဆောင်ခြင်း ဖြစ်ပါသည်။ ၄င်းနည်းစနစ်အသစ်သည် လန်ဒန်ရှိ မိသားစုများ၏ အခက်အခဲကို
ကူညီရန် တီထွင်ခဲ့ခြင်း ဖြစ်ပါသည်။ မိသားစုတစ်စု၏ (၁၃)လသားအရွယ် သမီးလေးမှာ မိခင်ဘက်မှ
ကူးစက်သည့် ကုသမရနိုင်သည့် မျိုးဗီဇဆိုင်ရာရောဂါ ဖြစ်သည့် Mitochondrial ရောဂါခံစားနေရပြီး
ကလေး(၆၅၀၀)မှာ တစ်ဦးခန့်သာ ဖြစ်ပွားတာ ဖြစ်ပါသည်။ ဒီလုပ်ထုံးအသစ်ဟာ ၄င်းတို့၏ နောက်လာမဲ့ကလေးမှာ
ဒီရောဂါကို တားဆီးနိုင်မှာ ဖြစ်ပါသည်။ ၄င်းနည်းစနစ်ဟာ အခုအခါတွင် အောက်လွှတ်တော်မှ အတည်ပြုရန်
လိုအပ်နေသေးကြောင်း သိရှိရပါသည်။
No comments:
Post a Comment