ယူကရိန်းဝန်ကြီးချုပ်၏
ဖေဖော်ဝါရီလ (၄)ရက်နေ့က ပြောကြားချက်အရ ယူကရိန်းနိုင်ငံအနေနှင့် ရုရှားဆီက သဘာဝဓာတ်ငွေ့ကို
ကြေးကြီးကြီးပေးပြီး ၀ယ်နေရသလို ဥရောပထံမှ ကူညီထောက်ပံ့မှုများကိုလည်း ရှာဖွေနေသည်ဟု
သိရပါသည်။ အခုနှစ်အစောပိုင်း ပထမ(၃)လပတ် အတွင်းမှာပဲ ယူကရိန်းအနေနှင့် (၁)ထောင်ကုဗမီတာကို
အမေရိကန်ဒေါ်လာ (၃၂၉)ဒေါ်လာ ပေးဝယ်နေရသည်ဟု သိရပြီး လက်ရှိသဘောတူထားတဲ့ ရုရှား၏ ဂက်ဇ်-ပရွန်းစာချုပ်ဟာ
ရေနံစိမ်းဈေးနှင့်လည်း ဆက်စပ်နေပြန်ပါသည်။ ရုရှားနှင့်ယူကရိန်းကြားက ဆက်ဆံရေးနှင့်
ယူကရိန်းအရှေ့ပိုင်းကို အခြေပြုကြတဲ့ ရုရှားလိုလားသူ ခွဲထွက်ရေးသမားတို့နှင့် ယူကရိန်းအစိုးရတို့ကြား
(၉) လကြာ ပဋိပက္ခတွေကြောင့် ပြီးခဲ့တဲ့ ဇွန်လအတွင်း ရုရှားကထောက်ပံမှုတွေ ဖြတ်တောက်ခဲ့ပြီးတဲ့နောက်
ဥရောပသမဂ္ဂအနေနှင့် ဆောင်းရာသီ သဘာဝဓာတ်ငွေ့ သဘောတူညီမှုရဖို့ ကူညီစေ့စပ်ပေးခဲ့ကာ လက်ရှိဈေးနှုန်းနှင့်
ပြီးခဲ့တဲ့စတုတ္ထ(၃)လပတ်ကစပြီး ပြန်လည်ဝယ်ယူခဲ့တာပါ။ လာမည့်ဧပြီလ(၁)ရက်နေ့ စာချူပ်သက်တမ်း
ကုန်ဆုံးချိန်မှာတော့ ယူကရိန်းအနေနှင့် ဈေးနှုန်းသစ်တစ်ခု လိုအပ်လာတော့မှာပါ။ ၀န်ကြီးချုပ်၏
ပြောကြားချက်အရ ရုရှားထံမှ သဘာဝဓာတ်ငွေ့ တင်သွင်းမှုဟာ အရင်နှစ်က (၉၅)%ရှိပေမယ့် အခုအခါမှာတော့
(၃၃)%အထိ လျော့နည်းလာသည်ဟု သိရပါသည်။ ယခင်နှစ်က ပြည်တွင်းသို့ သဘာဝဓာတ်ငွေ့ (၂၁)ဘီလီယံ
တင်သွင်းခဲ့ရာ (5)ဘီလီယံကတော့ ဥရောပတစ်ခွင်မှ တင်သွင်းခဲ့ခြင်းဖြစ်သည်ဟု သိရှိရပါသည်။
No comments:
Post a Comment