Wednesday, February 4, 2015
တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဂျီလင်းစီရင်စုရှိ ရေလှောင်တာတမံထဲသို့ ကားတစ်စီး ထိုးကျပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကတော့ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဂျီလင်းစီရင်စုမှာ ကားတစ်စီးဟာ ရေခဲတမျှအေးစက်နေတဲ့ ရေလှောင်တာတမံထဲသို့ ထိုးကျသွားခဲ့ပါသည်။ ကားပေါ်လိုက်ပါလာတဲ့ ခရီးသွား(၃)ဦးကတော့ ရေထဲကို ကားမြုပ်မသွားခင်မှာ ကျားကုတ်-ကျားခဲ ကုန်းပေါ်ကို တက်လာကြရသည်ဟု ဆိုပါသည်။ အနီးအနားက မြင်လိုက်ရသူတွေ၏ ပြောကြားချက်အရ အော်ဒီ-ကရူ-ဆဲဗင်းကားဟာ နှင်းခဲနေတဲ့ ရေလှောင်တမံ၏ မျက်နှာပြင်ပေါ်မှာ လည်ထွက်သွားခဲ့ပြီး သိပ်မကြာခင်မှာပဲ ရှေ့ဘီးက ရေခဲထဲ ကျွံဝင်သွားသည်ဟု သိရပါသည်။ ကားမောင်းသူအပါအ၀င် ခရီးသွား(၃)ဦးတို့ဟာ ကားပြတင်းပေါက်ကနေ ကျော်ထွက်ခဲ့ရတာပါ။ ရေထဲက (SUV) ကားကိုတော့ ပြီးခဲ့တဲ့ အင်္ဂါနေ့က ပြန်ပြီးဆယ်ယူထားသလို ဒီမတော်တဆမှု ဖြစ်ချိန်မှာတော့ ဒေသခံတွေနှင့် လာရောက် လည်ပတ်သူတွေဟာ ဒေသတွင်းမှာ ကျင်းပလေ့ရှိတဲ့ ငါးဖမ်းပွဲတော်မှာ ပါဝင်ဆင်နွှဲဖို့ စုဝေးနေခဲ့ကြကြောင်း သိရှိရပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment