Wednesday, February 4, 2015

အမေရိကန်ပြည်ထောင်စု ပန်ဆယ်ဗေးနီးယား ပြည်နယ်တွင် အဆောက်အဦးတစ်ခု မီးလောင်ကျွမ်းမှု ဖြစ်ပွား

အမေရိကန်ပြည်ထောင်စု ပန်ဆယ်ဗေးနီးယား ပြည်နယ်က တိုက်ခန်းများပါတဲ့ အဆောက်အဦးတစ်ခုမှာ ဖေဖော်ဝါရီလ (၄)ရက်နေ့က မီးလောင်ကျွမ်းခဲ့ပြီး (၁)ဦးသေဆုံးကာ (၃)ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရပါသည်။ ဒေသစံတော်ချိန် မနက်(၁)နာရီလောက်မှာ ဖီလက်ဒဲလ်ဖီးယား အနောက်မြောက်ဘက် မိုင်(၂၀)အကွာမှာရှိတဲ့ နော်ရစ်စ်မြို့မှာ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ကာ မြေအောက်ထပ်က အစပျိုးခဲ့သည်ဟု သတင်းထုတ်ပြန်ချက်အရ သိရပါသည်။ နောက်ပိုင်းမှာတော့ မီးညွှန့်ကြီးထွားလာလို့ ခေါင်မိုးတွေအထိ မီးကူးသွားပြီး အဆောက်အဦး တစ်စိတ်တပိုင်းက ပြိုကျခဲ့သည်ဟု ဆိုပါသည်။ အဆောက်အဦးနေ အရပ်သားတစ်ဦးကတော့ မီးထဲက မလွတ်မြောက်ခဲ့ပဲ မီးသတ်သမားတစ်ဦး အပါအ၀င် အခြား(၃)ဦးကို ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်ဟု သိရပြီး မီးလောင်ရတဲ့ အကြောင်းအရင်းကိုတော့ တာဝန်ရှိသူများက ဆက်လက်စုံစမ်းလျက် ရှိပါသည်။ ဒေသမီဒီယာများ၏ ပြောကြားချက်အရ အမှိုက်များထားရာထဲသို့ မီးပွားကျရာမှ စတင်လောင်ကျွမ်းတာ ဖြစ်နိုင်သည်ဟု သိရှိရပါသည်။

No comments:

Post a Comment