Monday, March 30, 2015

ယီမင်မှ ဟူသီလက်နက်ကိုင်တပ်များကို မြေပြင်တိုက်ခိုက်ရေးတပ်များစေလွှတ်မှာ မဟုတ်ကြောင်း ဆော်ဒီအာရေဗျ သံအမတ်ကြီးပြောကြား



အီရန်တို့ နောက်ခံပေးထားသည့် ယီမင်မှ ဟူသီလက်နက် ကိုင်တပ်များကို လေကြောင်းမှသာ တိုက်ခိုက်နေတာဖြစ်ပြီး မြေပြင်တိုက်ခိုက် ရေးတပ်များ စေလွှတ်မှာ မဟုတ်ကြောင်း အမေရိကန်ဆိုင်ရာ ဆော်ဒီအာရေဗျ သံအမတ်ကြီးက မတ်လ(၂၉)ရက်နေ့က ပြောကြား လိုက်ပါသည်။ (မြေပြင်တပ်တွေ စေလွှတ်ရန် အဆုံးဖြတ် ရသေးပါဘူး။ လေကြောင်းကနေသာ တိုက်နေတာပါ။ ပိုမိုထိရောက်စွာ ချေမှုန်းနိုင်မယ့် နည်းလမ်းတွေ ရှာဖွေနေပါသည်။) ဟုလည်း ပြောကြားခဲ့ပါသည်။ နောက်ဆုံး တိုက်ခိုက်ခဲ့သည့် လေကြောင်း တိုက်ခိုက်မှုများနှင့် ပက်သက်ပြီး ဆော်ဒီပြောရေး ဆိုခွင့်ရှိသူမှ အကျဉ်းချူပ် ပြောကြားခဲ့ကြောင်း သိရပါသည်။ ယီမင်မှာ တိုက်ခိုက်မှုတွေ ဖြစ်နေတာကြောင့် ပါကစ္စတန်နိုင်ငံသည် ၄င်း၏နိုင်ငံသား (၅၀ဝ)ကို မတ်လ(၂၉)ရက်နေ့က ယီမင်ကနေ လေယာဉ်နှင့် ကယ်ထုတ်လာခဲ့ပြီး ဖြစ်ကြောင်း ၄င်းကပြောကြားခဲ့ပါသည်။ ပါကစ္စတန်သားတွေ ကယ်နေစဉ်မှာ တိုက်ခိုက်မှုတွေကို (၂)နာရီကြာ ရပ်တန့်ပေးခဲ့ပြီး လေဆိပ်မှာလည်း ကူညီမှုတွေ ပေးခဲ့ကြောင်း သိရပါသည်။ ဆားဒါမြို့မှာ ဟူသီများသည် အခိုင်အမာ တပ်စွဲထားပြီး သမ္မတဟောင်း (အလီအဗဒူလ်လာ- ဆာလက်)ဟာလည်း ၄င်း၏တပ်များကို ထိန်းချူပ်ပြီးပြန်လည် တိုက်ခိုက်မှုတွေ ပြုလုပ်နေပါသည်။ မြေပြင်တပ်တွေ စေလွှတ်တာမျိုး မလုပ်ဘူးဟု တာဝန်ရှိသူ အဆာရီးက ပြောကြားခဲ့ပါသည်။ အပါချီ ရဟတ်ယာဉ်များ အသုံးပြုပြီးလည်း တစ်ချို့နေရာတွေကို တိုက်ခိုက်နေကာ ဟူသီတပ်များမှာ အင်အား(၂)သောင်းခွဲမှ (၃)သောင်းကြား ရှိနိုင်ပြီး ဟူသီများသည် ၄င်းတို့၏တပ်သားများကို တစ်ရက်လျှင် ဒေါ်လာ(၁၀ဝ) ရာနှုန်းပေးပြီး ငွေကြေးကို အီရန်က ထောက်ပံ့နေဖွယ် ရှိပြီး ငွေကြေးမပေး နိုင်ရင် တပ်သားအင်အားတွေ ဆုံးရှုံးလာရဖွယ်ရှိနေကြောင်း ပြောကြားခဲ့တယ်လို့ ရိုက်တာသတင်း တစ်ရပ်အရ သိရှိရပါသည်။

No comments:

Post a Comment