Monday, March 30, 2015

အာဖဂန်နစ္စတန်နိုင်ငံ ကာဘူးလ်မြို့တွင် လွှတ်တော်အဖွဲ့ဝင်တစ်ဦးကို ပစ်မှတ်ထား တိုက်ခိုက်၊ အခြား(၃)ဦး သေဆုံး



အာဖဂန် နစ္စတန်နိုင်ငံ ကာဘူးလ်မြို့မှာ လွှတ်တော်အဖွဲ့ဝင်တစ်ဦးကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့မှုအတွင်း အခြားလူ(၃)ဦး သေဆုံးခဲ့ကာ လွှတ်တော် အမတ်က လွတ်မြောက်သွား ခဲ့ပါသည်။ အသေခံ ဗုံးခွဲမှုကြောင့် ကလေးတစ်ဦးလည်း သေဆုံးခဲ့ရပြီး အခြားလူ(၈)ဦး ဒဏ်ရာများ ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် အစိုးရ သတင်းများအရ သိရပါသည်။ ကာဘူးလ် အရှေ့ပိုင်းသို့ အစည်းအဝေး တစ်ရပ်အတွက် သွားစဉ်မှာ ဗုံးခွဲသူက အနီးနားကပ်လာပြီး လွှတ်တော်အမတ် (ဂေါလ်ပါချာ မာဂျီဒီ)ကို တိုက်ခိုက်ခဲ့တာ ဖြစ်ပါသည်။ အာဖဂန်လူမျိုး ခေါင်းဆောင်တွေနှင့် ပါလီမန် တာဝန်ရှိသူတွေ စုဝေးနေချိန်မှာ လူအုပ်ကြားထဲကို ဝင်လာပြီး အသေခံဗုံးခွဲ ခဲ့တာဖြစ်ကာ လုံခြုံရေးများ ကလည်းတားဆီးချိန် မရလိုက်တာ ဖြစ်ပါသည်။ မာဂျီဒီ၏ ခြေထောက်မှာ ဒဏ်ရာရရှိခဲ့ပြီး အသက်အန္တရာယ် မစိုးရိမ်ရကြောင်းနှင့် တာလီဘန်တို့က ၄င်းတို့လက်ချက်လို့ ပြောကြားခဲ့ခြင်း မရှိပေမဲ့ ကာဘူးလ်မှာ မကြာခဏဆိုသလို အာဖဂန်နှင့် နိုင်ငံခြား တာဝန်ရှိသူများကို ပစ်မှတ်ထားပြီး အသေခံဗုံးခွဲမှုတွေ ပြုလုပ်နေဆဲဖြစ်ကာ ပြီးခဲ့သည့် တပတ်ကလည်း ပြည်နယ်ရဲချူပ် တစ်ဦးကို အသေခံ ဗုံးခွဲတိုက်ခိုက် သတ်ဖြတ်ခဲ့ကြောင်း ရိုက်တာသတင်း တစ်ရပ်အရ သိရှိရပါသည်။

No comments:

Post a Comment