Friday, April 3, 2015
အီရန်၏ နျူကလီးယား အစီအစဉ်နှင့် ပတ်သက်ပြီး ဆွေးနွေးပွဲတွင် နျူကလီးယား သဘောတူညီချက်နှင့် ပတ်သက်သည့် မူဘောင်တစ်ခု ရရှိ
အီရန်နိုင်ငံ၏ နျူကလီးယား အစီအစဉ်နှင့် ပတ်သက်ပြီး အီရန်နှင့် အင်အားကြီး (၆)နိုင်ငံတို့ အကြိတ်အနယ် ဆွေးနွေးပွဲမှာ နျူကလီးယား သဘောတူညီချက်နှင့် ပတ်သက်သည့် မူဘောင်တစ်ခု ရရှိခဲ့ပြီ ဖြစ်ပါသည်။ အီရန်နိုင်ငံခြားရေး ၀န်ကြီး မိုဟာမက်-ဂျာဗက်-ဇာရစ်နှင့် ဥရောပသမဂ္ဂ နိုင်ငံခြားရေး မူဝါဒဆိုင်ရာ အကြီးအကဲ ဖက်ဒရီကာ -မက်ဟာရီနီတို့က ပူးတွဲ ထုတ်ပြန်ချက်မှာ ကြေငြာခဲ့တာ ဖြစ်ပါသည်။ အမေရိကန် တာဝန်ရှိသူများ၏ ထုတ်ပြန်ချက်အရ အီရန်က ပြည့်ဝယူရေနီယမ် စန်ထရီဖြူစ့် အရေအတွက် သုံးပုံနှစ်ပုံကို ဖြတ်တောက်ဖို့ သဘောတူညီခဲ့ကြောင်း သိရပါသည်။ သဘောတူညီမှုအရ အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့က အီရန်အပေါ် ပိတ်ဆို့မှုကို ရုပ်သိမ်းပေးရမှာ ဖြစ်ပါသည်။ အမေရိကန် သမ္မတ ဘားရတ်အိုဘားမားက ယခုသီတင်းဟာ စစ်အေးကာလအတွင်း ဆိုနီယက်ယူနီယမ်နဲ့ နျူကလီးယား လက်နက်ထိန်းချုပ်ရေး သဘောတူညီချက်နဲ့ နှိုင်းယှဉ်ပါက သမိုင်းဝင်ကြောင်း ပြောကြားခဲ့ပါသည်။ ဇွန်လ(၃၀)ရက်နေ့မှာ အသေးစိတ် အချက်အလက်များကို ထပ်မံညှိနှိုင်းမှာ ဖြစ်ကြောင်း (Reuters ) သတင်းတစ်ရပ် အရ သိရှိရပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment