Friday, April 3, 2015

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း ခိုစ့်ပြည်နယ်တွင် အသေခံဗုံးခွဲမှုဖြစ်ပွား

(၂-၄-၂၀၁၅) ရက်နေ့က အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း ခိုစ့်ပြည်နယ်မှာ အသေခံဗုံးခွဲ သမားကြောင့် အနည်းဆုံး လူပေါင်း(၁၇)ဦး သေဆုံးခဲ့ပြီး လူပေါင်း(၅၀)ကျော် ဒဏ်ရာများ ရရှိခဲ့ကြောင်း အစိုးရ တာဝန်ရှိသူများက ပြောကြားခဲ့ပါသည်။ (၂၀၁၄) ခုနှစ်အကုန်မှာ နိုင်ငံခြား တပ်များ ဆုတ်ခွာသွားကတည်းက အကြမ်းဖက် တိုက်ခိုက်မှုတွေ အဖြစ်များလာခဲ့ပြီး မနှစ်ကထက် ပိုမိုဆိုးဝါးလာခဲ့ကြောင်း ကုလသမဂ္ဂက ပြောကြားခဲ့ပါသည်။ တာလီဘန်လား လက်နက်ကိုင် အုပ်စုများ လက်ချက်လား ဆိုတာတော့ ယခုထိ မသိရသေးပါဘူး.။ ခြစားမှု တိုက်ဖျက်ရေးအတွက် ဆန္ဒပြမှုတွေဟာ ရက်အတော်ကြာခဲ့ပြီ ဖြစ်ကြောင်း ခိုစ့်ပြည်နယ်ရဲချုပ်က ပြောကြားခဲ့သည်ဟု (Reuters) သတင်းတစ်ရပ်အရ သိရှိရပါသည်။

No comments:

Post a Comment