ယခုနှစ်အတွင်း
ပြည်ပဆန်ဈေးကွက်အသစ်များ ရရှိလာခြင်းနှင့် ပုံမှန်ဝယ်လက်များ ရှိနေခြင်းကြောင့် ပြည်ပသို့
ဆန်တင်ပို့မှုတွင် အားကောင်းလာခဲ့ပါသည်။ ၂၀၁၄ မတ်လလယ်တွင် ဆန်နှင့်ဆန်ကွဲ တန်ချိန်
(၁.၁)သန်း တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ (၄၂၅)သန်းကျော်တင်ပို့ခဲ့ပြီး ယခုနှစ် ၂၀၁၅
မတ်လ လယ်တွင် ဆန်တန်ချိန် (၁.၅)သန်း တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ သန်းပေါင်း (၅၈၀)ဖိုး
တင်ပို့ပြီးဖြစ်ကြောင့် မနှစ်က ကာလတူအနေအထားဖြင့် နှိုင်းယှဉ်လျှင် အမေရိကန်ဒေါ်လာ သန်းတစ်ရာ့
ခြောက်ဆယ်ခန့် ပိုမိုရရှိနေပြီဖြစ်သည်ဟု သိရပါသည်။ မြန်မာနိုင်ငံအနေဖြင့် ပေါင်းဆန်အပါအဝင်
တန်းမြင့်ဆန်၊ ဆန်ကြမ်းတို့ကို အီးယူ၊ ဂျပန်၊ အာဖရိက၊ ရုရှားနှင့်အရှေ့အလယ်ပိုင်းဒေသများသို့
တင်ပို့လျက်ရှိပြီး အီးယူဈေးကွက်သို့ တန်းမြင့်ဆန်တစ်လလျှင် တန်ချိန်လေးထောင်မှ ငါးထောင်ကြား
တင်ပို့မှုရှိနေပြီး ဆန်ကြမ်းအနေဖြင့် ဘယ်ဂျီယံ၊ စပိန်နှင့်ပေါ်တူကီနိုင်ငံများသို့ အကြမ်းအားဖြင့်
တစ်လလျှင် တန်ချိန် လေးထောင်မှ ငါးထောင်ကြားတင်ပို့မှုရှိနေကြောင်း သိရပါသည်။ ယခုလက်ရှိ
မြန်မာနိုင်ငံသည် ကမ္ဘာတွင် ဆန်တင်ပို့မှုအဆင့် နံပါတ်(၅)တွင်ရရှိနေပြီး ကမ္ဘာ့ဘဏ်၏ ခန့်မှန်းချက်များအရ
မြန်မာ့ဆန်တင်ပို့မှုသည် လာမည့် ၂၀၂၀ ပြည့်နှစ်တွင် (၃)ဆခန့်ပိုမိုလာမည်ဖြစ်ပြီး လက်ရှိဆန်တန်ချိန်
(၁.၅)သန်းကျော် တင်ပို့ရာမှ ဆန်တန်ချိန် ခြောက်သန်းခန့်အထိ ရောက်ရှိနိုင်သည်ဟု သိရပါသည်။
No comments:
Post a Comment