Friday, April 3, 2015

ကင်ညာနိုင်ငံ ဂါရစ်ဆာတက္ကသိုလ်ကောလိပ်တွင် တိုက်ခိုက်ခံရမှုအတွင်း ဒဏ်ရာရရှိခဲ့သူ (၅) ဦးကို ကင်ညာ အမျိုးသားဆေးရုံ (KNH) သို့ပြောင်းရွှေ့

ကင်ညာနိုင်ငံ၏ ဂါရစ်ဆာတက္ကသိုလ်ကောလိပ်မှာ တိုက်ခိုက်ခံရမှုတစ်ခုအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဒုက္ခသည်(၅)ဦးကို ကင်ညာအမျိုးသားဆေးရုံ (KNH) သို့ (၂-၄-၂၀၁၅) ရက်နေ့က နေ့လည်ပိုင်းက ပြောင်းရွေ့ပေးခဲ့ကြောင်း သိရပါသည်။ ၄င်းတိုက်ခိုက်ခံရမှုမှာ လူပေါင်း(၁၄၇)ဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကာ ကျောင်းသားများစွာကိုလည်း ဓါးစာခံအဖြစ် ဖမ်းဆီးခဲ့ကြောင်း သိရပါသည်။ KNH သို့ ရွေ့ပြောင်းပေးခဲ့သည့် ဒဏ်ရာရရှိသူများမှာ အမျိုးသား(၃)ဦး၊ အမျိုးသမီး(၂)ဦးဖြစ်ပြီး ၄င်းတို့ထဲက (၄)ဦးက ဂါရစ်ဆာတက္ကသိုလ်ကောလိပ်မှ ကျောင်းသူကျောင်းသားများဖြစ်ကာ အခြားတစ်ဦးမှာ ရဲတပ်ဖွဲ့ဝင် တစ်ဦး ဖြစ်ကြောင်း ဆေးရုံမှ အမှုဆောင်အရာရှိချုပ်၏ ပြောကြားချက်အရ သိရပါသည်။ ဆိုမာလီအခြေစိုက် အယ်လ်-ရှာဘတ်သောင်းကျန်းသူ အုပ်စုက ၄င်းတိုက်ခိုက်မှုဟာ ၄င်းတို့၏ လက်ချက်ဖြစ်ကြောင်း အခိုင်အမာ ပြောကြားခဲ့ပါသည်။ ကင်ညာ စုံစမ်းစစ်ဆေးရေးဌာနက ယခုလိုကြေကွဲဖွယ်ရာ အဖြစ်အပျက် မဖြစ်ပွားခင်မှာ အယ်လ်-ရှာဘတ် သောင်းကျန်းသူအုပ်စုဟာ ပညာရေးဆိုင်ရာ အသက်မွေးဝမ်းကျောင်း ကျောင်းများကို တိုက်ခိုက်မှုများ လုပ်ဆောင်ရန် ရည်ရွယ်နေကြောင်း ပြောကြားခဲ့သည်ဟု ရိုက်တာသတင်းတစ်ရပ်အရ သိရှိရပါသည်။

No comments:

Post a Comment