Saturday, May 30, 2015

ဘိန်းအစားထိုးသီးနှံ အထွက်တိုးမျိုးစပါး (ပုလဲသွယ်)၊ အစေ့ထုတ်ပြောင်း၊ လက်ဖက်ပျိုးပင်နှင့် ဓါတ်မြေသြဇာ ဖြန့်ဝေပေးခြင်း အခမ်းအနား

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့နယ်အတွင်း ကျေးရွာများရှိ တောင်သူများသို့ ဘိန်းအစားထိုးသီးနှံ အထွက်တိုးမျိုးစပါး (ပုလဲသွယ်)၊ အစေ့ထုတ်ပြောင်း၊ လက်ဖက်ပျိုးပင်နှင့် ဓါတ်မြေသြဇာ ဖြန့်ဝေပေးခြင်း အခမ်းအနားကို မေလ (၂၉) ရက်နေ့ နံနက်ပိုင်းက လားရှိုးမြို့၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပရာ လားရှိုးမြို့ အုပ်ချုပ်ရေးမှူးက ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား မျိုးစေ့၊ ပျိုးပင်၊ ဓါတ်မြေသြဇာများ ပေးအပ်ရာ မိုင်းယော်ဒေသမှ မိုင်းယော်အုပ်ချုပ်ရေးမှူးက လက်ခံပြီး တောင်သူများကိုယ်စား မန်မတ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ကျေးဇူးတင်စကား ပြန်လည်ပြောကြား ခဲ့ပါသည်။ လားရှိုးမြို့နယ်အတွင်း ကျေးရွာများရှိ တောင်သူများသို့ ဘိန်းအစားထိုးသီးနှံ အထွက်တိုးမျိုးစပါး (ပုလဲသွယ်)၊ အစေ့ထုတ်ပြောင်း၊ လက်ဖက်ပျိုးပင်နှင့် ဓါတ်မြေသြဇာများအား မိုင်းယော်ဒေသမှ ကျေးရွာပေါင်း (၂၀) အတွက် ဧက (၁၀၀)စာ ပုလဲသွယ်မျိုးစပါး (၇၀၀) ကီလို၊ အစေ့ထုတ်ပြောင်း ဧက (၅၀) အတွက် (၂၅၀)ကီလို၊ ယူရီးယား ဓါတ်မြေသြဇာနှင့် လက်ဖက်ပျိုးပင် (၅၄၀၀) တို့အား ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment