Saturday, May 30, 2015

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမ၀င် တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာအုပ်စာစောင်၊ နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲ အခမ်းအနား

ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးမှာ မေလ (၂၈) ရက်နေ့ နံနက်ပိုင်းတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမ၀င် တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာအုပ်စာစောင်၊ နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲ အခမ်းအနားကို ကျင်းပရာ လှိုင်မြို့နယ် အုပ်ချုပ်ရေးမှူး၊ ခရိုင် ပြန်/ဆက်ဦးစီးအရာရှိနှင့် မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့ ဥက္ကဌတို့မှ ပြပွဲကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်၊ မူးယစ်ဆေးဝါး အန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ အခမ်းအနားကို မေလ (၂၉)ရက်နေ့ နံနက်က အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့သည်။

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမ၀င် တိုက်ဖျက်ရေးနေ့အား လူထုလုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်မည့် လုပ်ငန်းစီမံချက် (ယင်းမ) အရ မေလ (၂၆)ရက်နေ့ ဇွန်လ (၂၆)ရက်နေ့အထိ တစ်လတာ အထူးကာလအဖြင့် သတ်မှတ်လျက် အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ မင်းဘူးမြို့နယ် အမှတ် (၂) အခြေခံပာာအထက်တန်းကျောင်း ခန်းမတွင် မေလ (၂၈)ရက်နေ့ နံနက်က မူးယစ်ဆေးဝါး အသိပညာပေး ဟောပြောပွဲနှင့် ဓါတ်ပုံ၊ နံရံကပ်စာစောင်ပြပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

No comments:

Post a Comment