Sunday, May 31, 2015

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၁၅ ခုနှစ် စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား


၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရပြီးချိန်မှစပြီး ၂၀၁၅ ခုနှစ် နှစ်ဆန်းပိုင်းထိ တပ်မတော်အနေဖြင့် မှတ်တမ်းတင်ထားသည့် တိုက်ပွဲကြီး (၁၅၅၇)ပွဲ၊ တိုက်ပွဲငယ်(၁၆၅၇၁)ပွဲ ရှိခဲ့ပါကြောင်း၊ ယင်းတိုက်ပွဲကြီးငယ် များစွာတွင် ထောင်သောင်းမကသော တပ်မတော်သားများ၏ အသက်သွေးချွေးများ ပေးဆပ်ခဲ့ရပါကြောင်း၊ ထိုသို့ပေးဆပ်လုပ်ဆောင်မှုများကြောင့်လည်း မိမိနိုင်ငံ နယ်နိမိတ် ပြောင်းလဲမှုမရှိအောင် လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲအောင် ကာကွယ်ထိန်းသိမ်းနိုင်ခဲ့ပြီး လက်ရှိနိုင်ငံတော်၏ အခြေအနေအတိုင်း ရှိနေခြင်းဖြစ်ပါကြောင်း၊ ၄င်းအခြေအနေကို ထိခိုက်စေမည့် မည့်သည့်ကိစ္စရပ်မျိုးကိုမဆို တပ်မတော်အနေဖြင့် ထိန်းသိမ်းကာကွယ် စောင့်ရှောက်သွားရမည် ဖြစ်ကြောင်းဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မေလ(၃၀)ရက်နေ့ မွန်းလွဲပိုင်းမှာ ကျင်းပသည့် ၂၀၁၅ ခုနှစ် စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက် ညှိနှိုင်းအစည်းအဝေးမှာ အမှာစကားပြောကြားရာမှာ ထည့်သွင်း ပြောကြားခဲ့ပါသည်။


No comments:

Post a Comment