Sunday, May 31, 2015

နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်များ အုပ်ချုပ်ရေး ဗဟိုအဖွဲ့ (၁/၂၀၁၅) အထူးအစည်းအဝေး


နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ နိုင်ငံတော်ပရိယတ္တိ သာသနာ့ တက္ကသိုလ်များ အုပ်ချုပ်ရေး ဗဟိုအဖွဲ့ (၁/၂၀၁၅) အထူးအစည်းအဝေးကို မေလ(၃၀)ရက်နေ့ မနက်(၉)နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ် ဘွဲ့နှင်းသိမ်ဓမ္မာရုံကြီးမှာ ကျင်းပရာ အုပ်ချုပ်ရေး ဗဟိုအဖွဲ့ဥက္ကဌ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ ဒုတိယဥက္ကဌ မန္တလေးမြို့ ဘုရားကြီးတိုက် ဆင်မင်းကျောင်း ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ဩဘာသာ ဘိဝံသ က သဘာပတိအဖြစ် ဆောင်ရွက်ပြီး ဩဝါဒကထာ မြွက်ကြားတော်မူသည်။ အဲဒီနောက် သာသနာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း က သာသနာရေး ဆိုင်ရာများကို လျှောက်ထားပြီး အုပ်ချုပ်ရေး ဗဟိုအဖွဲ့ဥက္ကဌ ဆရာတော်နှင့် အဖွဲ့ဝင်များ၊ ပညာရှင်များက တက္ကသိုလ်၏ ဆွေးနွေးဆုံးဖြတ်ရန် ကိစ္စများနှင့် စပ်လျဉ်းပြီး ဆွေးနွေးဆုံးဖြတ်ကြပြီး သဘာပတိဆရာတော်က နိဂုံးချုပ် ဩဝါဒစကား မြွက်ကြားတော်မူသည်။


No comments:

Post a Comment