ရန်ကုန်အနောက်ပိုင်းခရိုင်
ဆိပ်ကမ်းမြို့နယ်၊ မိသားရပ်ကွက်မှာ မေလ (၂၇) ရက်နေ့ နံနက်က ပညာအလင်းရောင် စာကြည့်တိုက်ဖွင့်ပွဲ
အခမ်းအနားကို ကျင်းပခဲ့ပါသည်။ ၎င်းစာကြည့်တိုက်ကို (၂၀၁၄-၂၀၁၅) ဘဏ္ဍာနှစ် ပြည်ထောင်စုလွှတ်တော်
ဒေသဖွံ့ဖြိုးရေးရန်ပုံငွေမှ ထောက်ပံ့ငွေ (၂၁) သိန်းဖြင့် တည်ဆောက်ခဲ့ပြီး သွပ်မိုး၊
အုပ်ညှပ်၊ တမံလင်းခင်း အမျိုးအစားဖြစ်ကာ အကျယ် ၇ ပေခွဲ၊ အရှည် (၃၂) ပေရှိကြောင်း သိရပါသည်။
စာကြည့်တိုက် ဖွင့်လှစ်ပြီးစီးပြီဖြစ်လို့ ရပ်ကွက်နေပြည်သူများ အနာဂတ်မှာ နိုင်ငံတော်အတွက်
အသိပညာမြင့်မားသည့် မျိုးဆက်များ ဖန်တီးပေးနိုင်တော့မည် ဖြစ်ကြောင်းသိရှိရ ပါသည်။
No comments:
Post a Comment