Tuesday, June 2, 2015
မြန်မာ-ဂျပန် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေး
ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်သည် ဇွန်လ(၁)ရက်နေ့ နံနက်(၉)နာရီခွဲတွင် ပြည်ထောင်စု ၀န်ကြီးရုံး အစည်းအဝေး ခန်းမ၌ ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ(JICA)မှ ဌာနေ ကိုယ်စားလှယ် Mr.Keiichiro Nakazawa နှင့် ဆန်းယု Sanyu အတိုင်ပင်ခံ အဖွဲ့မှ ပညာရှင် Mr.Kosei Hashiguchiတို့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား တွေ့ဆုံပြီး မြန်မာနိုင်ငံတွင် ထိရောက်သော လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စီမံကိန်း နှစ်ဘက် ညှိနှိုင်းအစည်းအဝေး သို့ ကိုယ်တိုင် ပါဝင်တက်ရောက် ဆွေးနွေးပြောကြားသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment