Tuesday, June 2, 2015
ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့် ကျောက်တန်းမြို့နယ်အတွင်းရှိ ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်
မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမြင့်သည် ဌာနဆိုင်ရာမှ တာဝန်ရှိသူများလိုက်ပါလျက် မေလ (၃၁) ရက်နေ့၊ နံနက် (၆)နာရီ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ် ဝဲကြီးကျေးရွာအုပ်စု၊ ညောင်ဝိုင်းလေး ကျေးရွာသို့ရောက်ရှိပြီး၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ရန်ပုံငွေတောင်းခံပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ယူ တည်ဆောက်သည့် အလျား ပေ (၉၀၀)၊ အကျယ် (၂၄) ပေရှိ ဝဲကြီး-ပန်းချောင်းကူး သံပေါင်ကွန်ကရစ် မှော်ဝန်းချောင်း တံတားတည်ဆောက်ပြီးစီးမှုအား ကြည့်ရှု့စစ်ဆေး၍ လိုအပ်သည်များမှာကြားပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment