မြန်မာ့မီးရထား တိုင်း(၂) နယ်မြေရှိ
ကံကြီး- ဇော်ချောင်း ဘူတာကြားနှင့် ကောလင်း- ကိုးထောင်ဘို့ အကြား ရေတိုက်စား
နစ်မြုပ်ရာ နေရာများ၌ ကျောက်ကြီး ချခြင်း၊ ဇလီဖားတုံးများ ဖြည့်တင်း ပြုပြင်ခြင်း
လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိရာ တံတားအမှတ် (၂၈၂)အနီး ပေ ၂ဝဝ ခန့် ရေတိုက်စားသွားခဲ့သော
ရထားလမ်း ပိုင်းတွင် ရထား စမ်းသပ် မောင်းနှင်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။ အလားတူ
မန္တလေး- လားရှိုး ရထားလမ်း သီပေါ- တာပုလဲလမ်းပိုင်း မိုင်တိုင် (၅ဝ၉/၁၃-၁၄)ကြားရှိ
တံတား အမှတ်(၃၉၁) ရေလယ်တိုင် အမှတ်(၃) တိမ်းစောင်းသွားခြင်းကို ပြန်လည် တည့်မတ်၍
ပေ ၂ဝ၊ ပေ ၄ဝ ဂါဒါများအား Running Rali ဖြင့် ကြိုးချည်ခြင်း၊ ကျောက်ချခြင်း၊
ဇလီဖားတုံးများ ဖြည့်တင်း ပြုပြင်ခြင်း လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိပြီး
ဇူလိုင် ၂၇ ရက် နံနက် ၇ နာရီမှစ၍ သီပေါ-မန္တလေး အမှတ် (၁၃၂) အစုန် ရထားနှင့်
တာပုလဲ-လားရှိုး အမှတ်(၁၃၁) အဆန် ရထားများ
အချိန်မှန်ပြန်လည်ပြေးဆွဲနိုင်ပြီဖြစ်သည်။ ထို့အပြင် ရထားလမ်းပိုင်းများနှင့်
တံတားများကို မြန်မာ့မီးရထားမှ တာဝန်ရှိသူများက အချိန်နှင့် တစ်ပြေးညီ
အားသွန်ခွန်စိုက် ပြုပြင် ဆောင်ရွက်မှုကြောင့် ဘုံချောင်း- မဲဇာဘူတာကြား
ရထားလမ်းပိုင်းကို ဇူလိုင် ၂၇ ရက် ညနေ ၅ နာရီတွင် လည်းကောင်း၊ ပင်ဝ- မော်လူး
ဘူတာကြား ရထားလမ်းပိုင်းကို ဇူလိုင် ၂၈ ရက် ညနေ ၄ နာရီ ၃၅ မိနစ်တွင် လည်းကောင်း၊
မော်လူး- နန့်စီးအောင် ရထားလမ်းပိုင်းကို ဇူလိုင် ၂၈ ရက် ညနေ ၆ နာရီတွင်
လည်းကောင်း၊ အင်းပက်- မြစ်တော် ဘူတာကြား ရထားလမ်းပိုင်းကို ဇူလိုင် ၂၈ ရက် ည ၉
နာရီခွဲတွင် လည်းကောင်း အသီးသီး ပြန်လည် ဖွင့်လှစ်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment