Wednesday, July 29, 2015

မဲပေးခြင်းဆိုင်ရာ အသိပညာများနှင့် လူသားချင်းစာနာ ထောက်ထားမှု လုပ်ငန်းများ ဆောင်ရွက်ရန် ကမ္ဘာကျော် မင်းသမီး မစ္စအင်ဂျလီနာဂျိုလီပစ်ရောက်ရှိ

ကမ္ဘာကျော် ရုပ်ရှင် သရုပ်ဆောင်နှင့် လူ့အခွင့်အရေး လှုပ်ရှားသူ တစ်ဦးဖြစ်သူ၊ ကုလသမဂ္ဂ အထူး သံတမန် မစ္စ အင်ဂျလီနာ ဂျိုလီပစ်သည် ဇူလိုင်လ(၂၉)ရက်နေ့ နံနက်တွင် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့မှ နေပြည်တော်သို့ ရောက်ရှိလာခဲ့ပြီး နိုင်ငံတော်သမ္မတ အပါအဝင် တာဝန် ရှိသူများနှင့် တွေ့ဆုံခဲ့သည်။ မြန်မာနိုင်ငံသို့ ပထမဆုံး အကြိမ် လာရောက်ခြင်း ဖြစ်ပြီး ပဋိပက္ခများ ဖြစ်ပေါ်ခြင်းမှ တစ်ဆင့် ပေါ်ပေါက် လာသည့် စိန်ခေါ်မှုများနှင့် မြန်မာနိုင်ငံအတွင်းရှိ အနာဂတ် အရေးကိစ္စများအတွက် လေ့လာမှု များနှင့် ပြည်သူများအားတွေ့ဆုံမှုများ ပြုလုပ်နိုင်ရန်အတွက် လာရောက်ခြင်း ဖြစ်ကြောင်း သိရသည်။ ဂျိုလီ၏ မြန်မာနိုင်ငံ ခရီးစဉ်အဖြစ် ဇူလိုင် ၃ဝ ရက်တွင် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ဒုက္ခသည်စခန်းများသို့ သွားရောက်မည် ဖြစ်ပြီး ဇူလိုင် ၃၁ ရက်တွင် ကချင်ပြည်နယ် မြစ်ကြီးနား မြို့ရှိ စစ်ဘေးရှောင်ဒုက္ခသည်စခန်းများ သို့ သွားရောက်မည့် အပြင် မြစ်ကြီးနား မြို့ရှိ ပဋိပက္ခများအတွင်း လိင်ပိုင်း ဆိုင်ရာအကြမ်းဖက်မှုများအား အကာ အကွယ်ပေးမှု ဆိုင်ရာ လူမှုအဖွဲ့ အစည်းများနှင့် တွေ့ဆုံရန်ရှိကြောင်း သိရသည်။ ထို့နောက် ဇူလိုင် ၃၁ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံမည် ဖြစ်ကာ သြဂုတ် ၁ ရက်တွင် ရွှေတိဂုံ စေတီတော်သို့ သွားရောက် ဖူးမြော်ခြင်းနှင့် ညနေပိုင်းတွင် ဗြိတိန် သံအမတ်ကြီး၏ နေအိမ်သို့ သွားရောက် လည်ပတ်မည်ဖြစ်ကြောင်း သိရသည်။


No comments:

Post a Comment