ပြည်ထောင်စုသမ္မတ
မြန်မာနှိင်ငံတော်၊ နှိင်ငံတော်သမ္မတသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၀၄ ပုဒ်မ(က)နှင့်
အညီအကျဉ်းထောင် အသီးသီးတွင် ထိုက်သင့်သော ပြစ်ဒဏ်များ ကျခံပြီးဖြစ်သည့် အပြင် အကျဉ်းထောင်ကျခံစဉ်ကာလအတွင်း
စည်းကမ်းကောင်းမွန်သည့် အကျဉ်းသား/ အကျဉ်းသူ ၆၉၆၆ ဦးတို့အား နှိင်ငံတော်တည်ငြိမ်ရေးနှင့်
ထာဝရငြိမ်းချမ်းမှု ဖော်ဆောင်ရေးအတွက် လည်းကောင်း၊ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးအတွက်
လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးပေးသောအားဖြင့် လည်းကောင်း၊ ၂၀၁၅ ခုနှစ်၊
ဇူလှိုင်လ ၃၀ ရက်(မြန်မာသက္ကရာဇ် ၁၃၇၇ ခုနှစ်၊ ဒုတိယ၀ါဆိုလဆန်း ၁၄ရက်)နေ့တွင် ပြစ်ဒဏ်
လွတ်ငြိမ်းခွင့်များပေးခဲ့ပါသည်။ အဆိုပါ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်တွင်
နှိင်ငံတော်၏ မေတ္တာနှင့် စေတနာကိုနားလည်ကြပြီး နှိင်ငံတော်သစ် တည်ဆောက်ရေးတွင် တစ်ဖက်တစ်လမ်းမှ
အထောက်အပံ့ဖြစ်စေသည့် နှိင်ငံသားများအဖြစ်သို့ ပြုပြင်ပြောင်းလဲစေရေးအတွက် မြန်မာနှိင်ငံသား
အကျဉ်းသား ၆၇၅၆ ဦးအား ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့်များနှင့် နှစ်နှိင်ငံချစ်ကြည်ရေး၊
နှိင်ငံအချင်းချင်းမိတ်ဝတ်မပျက် ဆက်ဆံရေးတို့ကို ရှေးရှုသောအားဖြင့် နှိင်ငံခြားသားအကျဉ်းသား
၂၁၀ အား ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့် များပေး၍ ပြည်နှင်ဒဏ်ပေးခြင်းတို့ ပါဝင်ပြီးစုစုပေါင်းအကျဉ်းသား/
အကျဉ်းသူ ၆၉၆၆ ဦးတို့အား ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်များ ခွင့်ပြုပေးခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment