ဇူလိုင်လပထမပတ်မှစ၍ စစ်ကိုင်းတိုင်းဒေသကြီးအပါအဝင် မြန်မာနိုင်ငံအထက်ပိုင်းအချို့ဒေသများတွင်
မိုးသည်းထန်စွာရွာသွန်းခြင်း၊ အချို့ဆည်တာတမံများတွင် ရေကြီးရေလျှံခြင်းများ ဖြစ်ပေါ်ပြီးတောင်သူလယ်သမားများပင်ပင်ပန်းပန်းစိုက်ပျိုးထားရှိသောလယ်မြေများရေနစ်မြုပ်ခြင်း၊
ပျက်စီးခြင်းများ ဖြစ်ပေါ်ခံစားနေရသည်ကိုအချိန်မီဆောင်ရွက်ရန် လိုအပ်လျက်ရှိပါတယ်။ မြန်မာနိုင်ငံအထက်ပိုင်းအချို့ဒေသများတွင်
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်နေသကဲ့သို့ မြန်မာနိုင်ငံအောက်ပိုင်းဒေသများမှာလည်းဒေသအလိုက်
ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်းကိုမျှော်မှန်းရတာကြောင့် ကြိုတင်ပြင်ဆင်
ဆောင်ရွက်ထားရန် သတိပေး နှိုးဆော်အပ်ပါတယ်။ ဒါကြောင့် နိုင်ငံနှင့်အဝန်းရှိတောင်သူလယ်သမားများရာသီဥတုကြောင့်
ပျက်စီးဆုံးရှုံးမှုများမရှိစေရန် ကြိုတင်ကာကွယ်ခြင်း၊ ရေကြီးနစ်မြုပ်နေသည့် စိုက်ခင်းများအားအချိန်မီ
ပြန်လည်စိုက်ပျိုးနိုင်ရန် သက်တမ်းတိုအရန်မျိုးစပါးများပျိုးထောင်ခြင်း၊
အချိန်မီ ပြန်လည်စိုက်ပျိုးခြင်းလုပ်ငန်းများကိုဆောင်ရွက်သွားနိုင်ရန် တိုင်းဒေသကြီး
ပြည်နယ်များရှိအဆင့်ဆင့်သောဌာနဆိုင်ရာများနှင့် အဖွဲ့အစည်းများမှ ဝိုင်းဝန်းကူညီရိုင်းပင်းဆောင်ရွက်ပေးကြပါရန်
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနကတိုက်တွန်းနှိုးဆော်ထားပါသည်။
No comments:
Post a Comment