Thursday, July 30, 2015

ကလေးမြို့၏စိုးရိမ်ရေအမှတ်ကျော်လွန်ကာ မြို့ပေါ်အနိမ့်ပိုင်းနေရာများတွင် ရေများစတင်ဝင်ရောက်

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတွင် ဇူလိုင်လ ၂၆ရက်နေ့မှ စတင်ပြီးမိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြစ်သာမြစ်ရေများ လျှံတက်ကာကလေးမြို့၏ အနိမ့်ပိုင်းအောင်မြေမန်ရပ်ကွက်၊ အောင်မင်္ဂလာရပ်ကွက်၊ ညောင်ပင်သာရပ်ကွက်၊ မင်္ဂလာဥယျာဉ်ရပ်ကွက်နှင့် ချမ်းမြေ့အောင်စည်ရပ်ကွက်များတွင် ရေများဝင်ရောက်ခဲ့ကာ ဇူလိုင်လ ၃၀ရက်နေ့ နံနက် ၁၀နာရီတွင် မြစ်သာမြစ်ရေသည် ကလေးမြို့၏ စိုးရိမ်ရေအမှတ် (၁၀၀၀)စင်တီမီတာအထက် ကျော်လွန်ပြီး (၁၅၆၄)စင်တီမီတာကိုရောက်ရှိနေပါသည်။

No comments:

Post a Comment