Thursday, July 30, 2015

ရွှေဘိုလမ်းပိုင်းဇရစ်ကျေးရွာနှင့် ကူတို့တိုင်းကြားရေတိုက်စားသဖြင့် လမ်း (၁၀) ပေခန့်ရေစီဖြင့် မျောပါ

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မူးမြစ်ရေတိုးလာပြီး မုံရွာ-အရာတော်-ရွှေဘို လမ်းပိုင်းအချို့နေရာများတွင် ရေကျော်ပြီး လမ်းပခုံးသားများ ပဲကျမှု ဖြစ်ပွားခဲ့ပြီး တာဝန်ရှိသူများမှ အချိန်မီ ပြန်လည်ပြုပြင်ခဲ့ကြောင်း သိရပါသည်။ ဇူလိုင် ၃၀ ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်တွင် ဇရစ်ကျေးရွာနှင့် ကူးတို့ကိုင်းကြား အဆိုပါ ထူးပေါက်ထားသည့် လမ်းပိုင်းကြားရှိ ရေထုတ်ပြွန်တံတား အမှတ် (၄/၃၆) နှင့် (၅/၃၆) ကြားရှိ ချဉ်းကပ်လမ်းသည် ပျက်စီးသွားပြီး ကျောက်ရိုးစီ ချဉ်းကပ်လမ်းသည် ရေကျဘက်ခြမ်း ကျောက်ရိုး (၁၈) ပေခန့် ပြုတ်ကျပြီး ရေတင်ဘက်ခြမ်း (၄၃) ပေ အကျယ်၊ လမ်းပြတ်ထွက်သွားသဖြင့် မုံရွာ-အရာတော်- ရွှေဘိုလမ်းပိုင်း ဇရစ်နှင့် ကူတို့ကိုင်းကြားတွင် လူနှင့် ဆိုင်ကယ်များပါ ဖြတ်သန်းသွားလာနိုင်မှု မရှိတော့ကြောင်း သိရပြီး အရေးပေါ်ကိစ္စရပ်များ ဆောင်ရွက်နိုင်ရန် စက်လှေစီစဉ်ထားပြီး ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက အနီးကပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။


No comments:

Post a Comment