Sunday, August 2, 2015

ဧရာဝတီတိုင်းဒေသကြီး ရေကြီးနစ်မြုပ်မှုများနှင့် ရေထိန်းကမ်းပါတ်တာများ ဆည်တာတမံများအား ကွင်းဆင်းစစ်ဆေး

ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်သည် သြဂုတ်လ (၁)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း ဧရာဝတီ မြစ်ရေကြီးမှုကြောင့် ရေကြီးရေလျှံဖြစ်ပေါ်နေသော ဟင်္သာတမြို့နယ်နှင့် ဇလွန်မြို့နယ်အတွင်း တောင်ပို့တစ်ရာ ကျေးရွာအုပ်စုရှိ ကျေးရွာ (၁၂)ရွာ လူဦးရေ (၆၅၀၀)နှင့် ကိုင်းကျွန်းမြေဧက (၅၀၀၀)ကျော်ကို အကာအကွယ်ပေးထာသည့် ရေထိန်းကမ်းပါတ်တာအား ကွင်းဆင်းကြည့်ရှု အားပေးခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးသည် ဇလွန်မြို့နယ် ၀ါသာလှကျေးရွာတွင် ယာယီရေထိန်းတာအား သဲအိတ်များဖို့နေသော လုပ်ငန်းခွင်တို့ကို စစ်ဆေးခဲ့ကြောင်း သိရပါသည်။

No comments:

Post a Comment