Sunday, August 2, 2015

ရေစကြိုတပ်နယ် တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များမှ ရေဘေး ကယ်ဆယ်ရေး လုပ်ငန်းများတွင် ပါဝင်ကူညီ

ချင်းတွင်းမြစ်ရေသည် သြဂုတ်လ (၂)ရက်နေ့ နံနက်ပိုင်းတွင် ပိုမိုတိုးလာသဖြင့် အမှတ်(၁) ထင်းတန်းရပ်ကွက်၊ ဇီးကျွန်းရပ်ကွက်၊ သုခ၀တီရပ်ကွက်၊ အမှတ်(၃) ပန်းတော်တင်ရပ်ကွက်၊ အမှတ်(၄) ဈေးဟောင်းရပ်ကွက်၊ ဖောင်တော်ဦးရပ်ကွက်၊ စပါယ်ရုံရပ်ကွက်၊ အမှတ်(၆) ရွှေပုလဲရပ်ကွက်၊ အောင်ချမ်းသာရပ်ကွက်၊ အမှတ် (၈) စိတ္တသုခ ရပ်ကွက်၊ ဇေယျဝတီရပ်ကွက်၊ လေးရာပြည့်ရပ်ကွက်များအပြင် အမှတ်(၇) ငါးရာပြည့်ရပ်ကွက်ထိ ရေများ ၀င်ရောက်လာမှုကြောင့် ရေစကြို တပ်နယ်မှ ခ.လ.ရ (၂၅၆)(၂၅၇)(၂၅၈)မှ တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ လူမှုရေး အသင်းအဖွဲ့များက ရေဘေးသင့် ပြည်သူများ၏ ပစ္စည်းများကို သယ်ယူ၍ ကယ်ဆယ်ရေး စခန်းများသို့ ပို့ဆောင်ကူညီဆောင်ရွက် ပေးလျက်ရှိကြသည်။

No comments:

Post a Comment