Sunday, August 2, 2015

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးစိုးတင့် လမ်း၊ တံတား၊ ၀န်ထမ်းအိမ်ရာများ ကြည့်ရှုစစ်ဆေး

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးစိုးတင့်သည် သြဂုတ်လ (၁)ရက်နေ့ နံနက်ပိုင်းတွင် လှိုင်သာယာ - တွံတေး - ကော့မှူးလမ်း၊ တွံတေးတံတား ကြံ့ခိုင်မှုတို့အား စစ်ဆေးပြီး ကော့မှူးမြို့နယ်၊ လမ်းဦးစီးဌာန၊ ဦးစီးအရာရှိ (မြို့ပြ)ရုံးတွင် ကော့မှူးမြို့နယ်အတွင်း JICA အကူအညီဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်လျက်ရှိသည့် မြတ်နိုးသူကုမ္ပဏီမှ ကော့မှူး- ၀ါးဘလောက်သောက်- သရက်တောလမ်းစီမံကိန်း လမ်းအဆင့်မြင့်တင်ခြင်း လုပ်ငန်းများနှင့် ရွှေတောင်ကုမ္ပဏီမှ ဆောင်ရွက်လျက်ရှိသော ကော့မှူး- မကျီးကန်- ငှက်အောင်စမ်း- ကျိုက်ထော်လမ်း အဆင့်မြင့်တင်ခြင်း လုပ်ငန်းဆိုင်ရာများနှင့် စပ်လျဉ်းပြီး မှာကြားခဲ့သည်။

No comments:

Post a Comment