မြန်မာနိုင်ငံ
အမျိုးသမီးရေးရာ အဖွဲ့ချုပ်မှ ကြီးမှူးဖွင့်လှစ်သည့် သဘာဝဘေးအန္တရာယ် ဆိုင်ရာ စိတ်လူမှုစောင့်ရှောက်ရေး
သင်တန်းဖွင့်ပွဲ အခမ်းအနားကို စက်တင်ဘာလ (၁)ရက်နေ့ မနက်ပိုင်းက အဖွဲ့ချုပ်ရုံး သင်တန်းခန်းမမှာ
ကျင်းပရာ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ် နာယက ဒေါ်ကျင်ခိုင် က သဘာဝဘေး အန္တရာယ်များ
အရေးပေါ် ကျရောက်မှု ဖြစ်လာတဲ့အခါမှာ ယင်းဒေသရှိ ပြည်သူလူထုများ အနေဖြင့် ဆုံးရှုံးနစ်နာမှုများ၊
ပြောင်းလဲမှုများကြောင့် လူမှုဒုက္ခ၊ စိတ်ဒုက္ခများ စနစ်တကျ အားပေးနှစ်သိမ့်ခြင်း ပြုလုပ်တတ်ဖို့
အထူးပင် လိုအပ်ပါကြောင်း၊ ယခုပြုလုပ်တဲ့ သင်တန်းဟာ စနစ်တကျ အားပေး နှစ်သိမ့်ခြင်း ပြုလုပ်စေတတ်ဖို့
လေ့ကျင့်ပေးမယ့် သင်တန်း ဖြစ်ပါကြောင်း၊ သည်လိုလုပ်ဆောင် ပေးတဲ့အခါမှာ စိတ်လူမှုဆိုင်ရာ
အားပေးကူညီတတ်ခြင်းဟာ အရေးကြီးသော လိုအပ်ချက်ဖြစ်တဲ့အတွက် အမျိုးသမီးရေးရာ အဖွဲ့ဝင်များက
စိတ်လူမှုဆိုင်ရာ အားပေးကူညီ နိုင်ကြစေဖို့လိုကြောင်း တိုက်တွန်း ပြောကြားပါသည်။ အဆိုပါ
သင်တန်းသို့ နေပြည်တော် ကောင်စီနယ်မြေ အတွင်းရှိ မြို့နယ်များမှ သင်တန်းသူ စုစုပေါင်း
(၂၈)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ (၂)ရက်ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment