ကျေးလက်နေပြည်သူများရဲ့
လူမှုစီးပွားဘ၀များ ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် မြစိမ်းရောင် ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ
အခမ်းအနားကို နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ် သစ်ကြိမ်းကျေးရွာ အုပ်စု ဟေမန်ကျေးရွာနှင့်
အေးချမ်းသာကျေးရွာ အုပ်စု အေးချမ်းသာကျေးရွာတို့မှာ စက်တင်ဘာလ (၁)ရက်နေ့မှာ မနက်ပိုင်းက ကျင်းပရာ နေပြည်တော် ကောင်စီနယ်မြေ ကျေးလက်ဒေသ
ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးက မြစိမ်းရောင် အရင်းမပျောက် မတည်လည်ပတ်
ရန်ပုံငွေများနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားက မြစိမ်းရောင် ရန်ပုံငွေများကို နေပြည်တော်ကောင်စီဝင်
ဦးမြင့်ဆွေက ကော်မတီဥက္ကဋ္ဌများထံ လွှဲပြောင်းပေးအပ်ပါသည်။ အဲဒီနောက် ကော်မတီဥက္ကဋ္ဌများက
ကျေးရွာအတွင်း ရန်ပုံငွေ ထုတ်ချေးပေးမယ့် အခြေအနေများကို ရှင်းလင်းပြီး နေပြည်တော်ကောင်စီဝင်များနှင့်
တာဝန်ရှိသူများက အသင်းသားများထံ ချေးငွေများကို ပေးအပ်ကြပါသည်။ စက်တင်ဘာလ (၁)ရက်နေ့
အခမ်းအနားမှာ ဟေမန်ကျေးရွာမှ အသင်းသား (၁၅၁)ဦးနဲ့ အေးချမ်းသာကျေးရွာရှိ အသင်းသား (၃၄၈)ဦးအတွက်
မြစိမ်းရောင်ချေးငွေ ကျပ်သိန်း(၃၀၀)စီကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment