Tuesday, September 29, 2015

စီးပွားဖြစ်ထုတ်လုပ်နိုင်သောဝါးလက်မှုထုတ်ကုန်ပစ္စည်း



မြန်မာနိုင်ငံတွင် ဝါးမှ တစ်နှစ်ကို ဝင်ငွေဒေါ်လာတစ်သန်းခန့်ရရှိနေချိန်တွင် အာဆီယံ ဒေသတွင်းနိုင်ငံတစ်ခုဖြစ်သည့် ဗီယက်နမ်နိုင်ငံတွင် ဝါးကို တန်ဖိုးမြင့်ထုတ်ကုန် အနေနှင့် အောင်မြင်စွာ ထုတ်လုပ်နိုင်ပြီး ပြည်ပဈေးကွက်ကိုပါ အောင်မြင်စွာ ထိုးဖောက်နိုင်သည့်အတွက် ဝင်ငွေ များစွာ ရရှိကြောင်း သိရပါသည်။ မြန်မာနိုင်ငံတွင် တစ်နှစ်ကို ဝါးမှ လူသုံးကုန်ပစ္စည်းထုတ်လုပ်မှုက (၄၀)ရာခိုင်နှုန်းရှိပြီး ကျန်သည့် (၆၀)ရာခိုင်နှုန်းက ဆောက်လုပ်ရေးနှင့် တစ်ခြားနေရာများတွင် သုံးစွဲနေခြင်း တွေ့ရပါသည်။ တန်ဖိုးမြင့် ထုတ်ကုန်အနေနှင့် ပြည်ပဈေးကွက်ကို ထိုးဖောက်နိုင်လျှင် နိုင်ငံခြား ဝင်ငွေရရှိရုံတင်မက ပြည်တွင်းတွင် အလုပ်အကိုင်အခွင့်အလမ်းများပါ ပိုမိုရရှိမည်ဖြစ်ပါသည်။ ၂၀ဝ၁ ခုနှစ်ကနေစပြီး စီးပွားဖြစ်အနေနှင့် ဝါး၊ ပရိဘောဂတွေကို တွင်ကျယ်စွာထုတ်လုပ်ခဲ့သော်လည်း ဝါးအတက်ပညာနှင့်ပတ်သက်ပြီး ပြည်ပဈေးကွက်ကို ထိုးဖောက်ရန် နည်းပညာအခက်အခဲနှင့် ဈေးကွက်ထိုးဖောက်မှု အားနည်းခြင်းများရှိကြောင်း သိရပါသည်။ ဝါးပိုး၊ ဝါးနက်၊ ထီးရိုးဝါးအမျိုးအစားများသည် လူသုံးကုန်ပစ္စည်းအများဆုံးထုတ်လုပ်သည့် ဝါးများဖြစ်ပြီး လက်ရှိပြည်တွင်း ဈေးကွက်ထဲတွင်လည်း ဈေးကောင်းရရှိနေကြောင်း သိရပါသည်။ 

No comments:

Post a Comment