Tuesday, September 29, 2015

မြန်မာနိုင်ငံမှ ကောက်ရိုးမှိုများကို အမေရိကန်နိုင်ငံမှ ဝယ်ယူမည်



အမေရိကန်နိုင်ငံအနေနှင့် တစ်နှစ်ကို မှိုလိုအပ်ချက်တွင် မက်ထရစ်တန်ချိန် တစ်ရာခန့်ရှိကြောင်း သိရပါသည်။ ယခု မှိုလိုအပ်ချက်ရှိနေသည့်အတွက် မြန်မာနိုင်ငံက ထွက်ရှိသည့် ကောက်ရိုးမှိုကို အမေရိကန် နိုင်ငံကို တင်ပို့နိုင်ရန်အတွက် မြန်မာနိုင်ငံမှိုစိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်းနှင့် အမေရိကန်နိုင်ငံမှ (Motors Republic Company တို့ပူးပေါင်းပြီး လုပ်ကိုင်ရန် စီစဉ်နေကြောင်း သိရပါသည်။ စိုက်ပျိုး ထုတ်လုပ်ရန်အတွက် Mass Production နည်းစနစ်ကို အသုံးပြုမည်ဖြစ်ပြီး စိုက်ပျိုးမည့်တောင်သူမှ (၂၅)ရာခိုင်နှုန်း၊ အမေရိကန်ကုမ္ပဏီမှ (၂၅)ရာခိုင်နှုန်း ထည့်ဝင်ရင်းနှီးမည်ဖြစ်ပါသည်။ ကျန်သည့် (၅၀)ရာခိုင်နှုန်းကို ငွေကြေးထောက်ပံ့နိုင်ပြီး အတိုးနှုန်းနည်းနည်းနှင့် ချေးပေးနိုင်မည့် အဖွဲ့အစည်းများမှ အကူအညီယူပြီး လုပ်ဆောင်မည်ဖြစ်ပါသည်။ ကောက်ရိုးမှိုကို ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်စိုက်ပျိုးမည်ဖြစ်ပြီး မှိုစုဆောင်းမည့်နေရာနှင့် နှစ်နာရီထက် မဝေးသည့် နေရာတွင် လုပ်ဆောင်မှသာ အရည်အသွေးပြည့်မှီသည့် မှိုကိုရမည်ဖြစ်ပြီး တာရှည်ခံ၍ သန့်စင်မှုရအောင် နည်းစနစ်တစ်ခုကိုလည်း လုပ်ဆောင်မည်ဖြစ်ပါသည်။ အမေရိကန်နိုင်ငံမှ ကောက်ရိုးမှိုကို သက်မှတ်ထားသည့် အရည်အသွေးနှင့် ပြည့်မှီမည်ဆိုလျှင် ကြမ်းခင်းဈေးတစ်ပိဿာကို ငွေကျပ်လေးထောင်ကျော် ပေးဝယ်မည်ဖြစ်ကြောင်း သိရပါသည်။ ပြည်တွင်းတွင် ရှိသည့် မှိုစိုက်ပျိုးထုတ်လုပ်သည့် လုပ်ငန်းရှင်များအနေနှင့် တည်ငြိမ်သည့် ဈေးကွက်တစ်ခုကို ရရှိမှာဖြစ်ကြောင်း သိရပါသည်။ 

No comments:

Post a Comment