၂၀၁၅-၂၀၁၆
ဘဏ္ဍာနှစ်အစ လေးလအတွင်း မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏတွင် အမေရိကန်ဒေါ်လာ ရှစ်ထောင့်ကိုးရာငါးဆယ့်တစ်သန်းကျော်
ရှိခဲ့ပြီး၊ ပြီးခဲ့သည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အစ လေးလအတွင်းက အမေရိကန်ဒေါ်လာ ရှစ်ထောင့်လေးရာသုံးဆယ့်ခုနှစ်သန်းကျော်ရှိခဲ့ပါသည်။
ထို့ကြောင့် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏသည် ယခင်ဘဏ္ဍာနှစ်နှင့် ကာလတူနှိုင်းယှဉ်ချက်အရ
အမေရိကန်ဒေါ်လာ သန်းငါးရာကျော် ပိုမိုရရှိခဲ့ပါသည်။ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အစ လေးလအတွင်း
ပြည်ပနိုင်ငံများသို့ မြန်မာနိုင်ငံမှ ပို့ကုန်အဖြစ် လယ်ယာထွက်ကုန်၊ တိရစ္ဆာန်ထွက်ကုန်၊
ရေထွက်ကုန်၊ သတ္တုတွင်းထွက်၊ သစ်တောထွက်ကုန်ပစ္စည်းများနှင့် စက်မှုကုန်ချောပစ္စည်းများတင်ပို့ခြင်းမှ
အမေရိကန်ဒေါ်လာ သုံးဘီလီယံခန့် ရရှိခဲ့ပြီး ၄င်းပမာဏသည် ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွေကာလထက်
သန်းတစ်ရာကျော် ပိုမိုတင်ပို့နိုင်ခဲ့ခြင်းဖြစ်ပါသည်။ သွင်းကုန်ကဏ္ဍတွင် လယ်ယာသုံးကုန်ကြမ်းကဏ္ဍ၊
ရင်းနှီးမြှုပ်နှံမှုကဏ္ဍနှင့် လူသုံးကုန်ပစ္စည်းကဏ္ဍတို့မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အစ လေးလတာကာလအတွင်း အမေရိကန်ဒေါ်လာ (၅)ဘီလီယံခန့်ပြန်လည်တင်သွင်းခဲ့ပြီး
ပြီးခဲ့သည့်ဘဏ္ဍာနှစ်ကထက် အမေရိကန်ဒေါ်လာ သန်းသုံးရာကျော် ပိုမိုတင်သွင်းခဲ့ခြင်းဖြစ်ပါသည်။
၂၀၁၅-၂၀၁၆ဘဏ္ဍာနှစ်အစ လေးလတာကာလအတွင်း ပို့ကုန်ပမာဏနှင့် သွင်းကုန်ပမာဏကို နှိုင်းယှဉ်ပါက
သွင်းကုန်ကဏ္ဍတွင် ပိုမိုတင်သွင်းခဲ့ရပြီး ကုန်သွယ်မှုလိုငွေတွင် အမေရိကန်ဒေါ်လာ (၂)ဘီလီယံခန့်ရှိကြောင်း
ကုန်သွယ်မှုစာရင်းများအရ သိရှိရပါသည်။
No comments:
Post a Comment