ဈေးကွက်စီးပွားရေးစနစ်၏အကျိုးကျေးဇူးကို
အပြည့်အဝရရှိစေရန်အတွက် ငွေကြေးအရင်းအနှီး ဈေးကွက်ကို တည်ထောင်အကောင်အထည်ဖော်ရန် အရေးကြီးလှပါသည်။
ငွေကြေးအရင်းအနှီးဈေးကွက်တွင် အစုရှယ်ယာများကို ဝယ်နိုင်ရောင်းနိုင်သည့် စတော့အိတ်ချိန်းစာချုပ်များကို
ဝယ်ရောင်းနိုင်သည့် ဘွန်းမားကတ် (Bond Markets) အပေါင်လုပ်ငန်းဖြစ်သည့် ရီးရဲလ်အက်စတိတ်မောဂစ်ဖက်စလတီ
(Real Estate Mortgage Facilities) စသည့် ငွေရေးကြေးရေးလုပ်ငန်းများကို
ဆောင်ရွက်နိုင်ကြောင်း သိရပါသည်။ သိပ်မကြာသည့် ကာလတွင် မြန်မာနိုင်ငံ၌လည်း စတော့အိတ်ချိန်းတစ်ခုပေါ်လာမည်ဖြစ်ပါသည်။
အစုရှယ်ယာများ ဝယ်ယူရင်းနှီးမြှုပ်နှံခြင်း၊ ရောင်းချခြင်းများကို ပိုင်ပိုင်နိုင်နိုင်ပြုလုပ်နိုင်ရန်အတွက်
ကြိုတင်လေ့လာမှုတွေ ပြုလုပ်ထားရမည့် ကိစ္စတစ်ရပ်ဖြစ်ကြောင်း သိရပါသည်။
No comments:
Post a Comment