Tuesday, September 1, 2015

ဗြိတိသျှကောင်စီ၏ပံ့ပိုးမှုဖြင့် Standard Chartered ဘဏ်မှ အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများအတွက် ပညာရေးအစီအစဉ်လုပ်ဆောင်

စီးပွားရေးဖွံ့ဖြိုးဆဲနိုင်ငံများတွင် SMEs စီးပွားရေး လုပ်ငန်းများသည် GDP ခေါ် ပြည်တွင်းထုတ်ကုန်၏ (၉၀)ရာခိုင်နှုန်းကို ပံ့ပိုးပြီး ထိုနိုင်ငံများ၏ အလုပ်အကိုင်အခွင့်အလမ်းအများဆုံးကို ဖန်တီးပေးပါသည်။ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း၏ သုတေသနပြုလုပ်ချက်အရ စီးပွားရေးပညာရပ်များတွင် ပါဝင်သော ဆုံးရှုံး နစ်နာမှုထိန်းချုပ်ခြင်း၊ အာမခံနှင့်ငွေစာရင်းဆိုင်ရာ စသည့် ပညာရပ်များတွင် လေ့လာနားလည်မှုအားနည်းခြင်းများက SMEs လုပ်ငန်းများ၏ ဘဏ္ဍာရေးအခြေအနေကို ထိခိုက်ခြိမ်းခြောက်လျက် ရှိကြောင်း သိရပါသည်။ ၎င်းအခြေအနေများကိုလျော့ချနိုင်ရန် ဗြိတိသျှ ကောင်စီ၏ပံ့ပိုးမှုဖြင့် Standard Chartered ဘဏ်မှ မြန်မာနိုင်ငံ အတွင်းမှာရှိသည့် ရာပေါင်းများစွာသော အသေးစား၊ အလတ်စား လုပ်ငန်းများအတွက် ရည်ရွယ်ပြီး ဘဏ္ဍာရေးဆိုင်ရာပညာပေး အစီအစဉ်များကို မြန်မာနိုင်ငံအတွင်းတွင် ၂၀၁၄ခုနှစ်ကစတင်ပြီး လုပ်ဆောင်ခဲ့ပါသည်။ မန္တလေး၊ မော်လမြိုင်၊ တောင်ကြီးနှင့် မုံရွာမြို့များရှိ အသေးစားနှင့်အလတ်စားလုပ်ငန်းပေါင်း သုံးရာခြောက်ဆယ့်ရှစ်ခုအား သင်ကြားပေးခဲ့ပြီး ယခုနှစ်တွင် ပဲခူး၊ ပုသိမ်၊ ကျိုင်းတုံနှင့် ပခုက္ကူမြို့များမှာရှိသည့် အသေးစားနှင့် အလတ်စားလုပ်ငန်းများ အတွက် တိုးချဲ့လုပ်ဆောင်မည်ဖြစ်ပြီး အောက်တိုဘာလအတွင်းတွင် စတင်မည်ဖြစ်ကြောင်း သိရပါသည်။ Education for Entrepreneurs (E4E) ခေါ် စီးပွားရေးလုပ်ငန်းရှင်များအတွက် ပညာရေး အစီအစဉ်သည် စီးပွားရေး လုပ်ငန်းဦးဆောင်သူများအား မိမိတာဝန်ယူနေသည့် လုပ်ငန်းများဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုထိရောက်စွာ စီမံခန့်ခွဲနိုင်ရန် ဘဏ္ဍာရေးနှင့် စီးပွားရေးအသိပညာဆိုင်ရာများကို ပိုမိုနက်ရှိုင်းစွာ နားလည်တက်ကျွမ်းစေရန် ရည်ရွယ်ကြောင်း သိရပါသည်။


No comments:

Post a Comment