Thursday, October 1, 2015

မြန်မာနိုင်ငံတွင် တာဝန်သိခရီးသွား လုပ်ငန်းနှင့် လူ့အခွင့်အရေးများဆီသို့ ချဉ်းကပ်လမ်းစဉ်များ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်သည် စက်တင်ဘာလ(၃၀)ရက်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ The Lake Garden Hotel တွင် ကျင်းပသည့် “မြန်မာနိုင်ငံတွင် တာဝန်သိခရီးသွားလုပ်ငန်းနှင့် လူ့အခွင့် အရေး များဆီသို့ ချဉ်းကပ်လမ်းစဉ်များ”ဆိုင်ရာ နယ်ပယ်အသီး သီးမှ အကျိုးလိုလားသည့် သက်ဆိုင်သူများပါဝင်သော အလုပ်ရုံ ဆွေးနွေးပွဲသို့ တက်ရောက်အမှာစကား ပြောကြားသည်။ ပြည်ထောင်စုဝန်ကြီးမှ အမှာစကားပြောကြားရာတွင် ယခုအခါ၌ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း သည် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာပါကြောင်း၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်လာ သည့်အတွက် ကောင်းကျိုး၊ ဆိုးကျိုးများ သည်လည်း ဒွန်တွဲ၍ပေါ်ပေါက်စမြဲဖြစ်ပါကြောင်း၊ ဆိုးကျိုးသက်ရောက် မှုများတွင် ခရီးသွားလုပ်ငန်းကဏ္ဍ၌ပါဝင်သည့် လူမှုအဖွဲ့အစည်း များအနေနှင့် ဆုံးရှုံးနစ်နာမှုများရှိတတ်ရာ အဆိုပါ ဆိုးကျိုးများမခံစားရအောင် လိုအပ် သည်များကို ကြိုတင်ကာကွယ်ရေးနှင့် ဆောင်ရန်ရှောင်ရန်များကို အသိ ပညာပေးဆွေးနွေးဖော်ထုတ်ကြရန်နှင့် တက်ရောက်လာသော အဖွဲ့အစည်း အသီးသီးမှ ကိုယ်စား လှယ်များက မိမိတို့အတွေ့ အကြုံ ဗဟုသုတများ အပေါ်အခြေခံ၍ ရလာဒ်ကောင်းများ ပေါ် ထွက်အောင် ဆွေးနွေး ဆောင် ရွက်ကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။ ဆက်လက်၍ နေပြည်တော်၊ Hilton Hotel ရှိ ဟိုတယ်ဆိုင်ရာ အသက်မွေးမှု သင်တန်း ကျောင်းတွင် ကျင်းပသည့် ဟိုတယ် သင်တန်းများ ဖွင့်ပွဲအခမ်း အနားသို့ တက်ရောက်သည်။ အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ Hilton Group မှ အမှုဆောင် အရာ ရှိချုပ်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ သင်တန်း နည်းပြများ၊ သင်တန်းသား၊ သင်တန်း သူများ တက်ရောက်ကြသည်။ အဆိုပါသင်တန်းများမှာ (၂)နှစ်သင်တန်းဖြစ်ပြီး အိပ်ခန်းဆောင် ထိန်းသိမ်းရေး သင်တန်း၊ အစား အစာချက်ပြုတ်ရေး၊ ဧည့်ခံ ကျွေးမွေးရေးနှင့် မုန့်ထုတ် လုပ်နည်း ပညာဘာသာရပ်များပါဝင်ပြီး သင်တန်း သားစုစုပေါင်း (၄၀)ဦး တက်ရောက် သင်ကြား လျက်ရှိပြီး၊ သင်တန်းပြီးဆုံးအောင်မြင်ပါက ဒီပလိုမာ လက်မှတ်များချီးမြှင့်ပေးအပ်မည်ဖြစ်ကာ ကမ္ဘာ့နေရာဒေသ အသီးသီးရှိ Hilton Hotel များတွင် အလုပ် အကိုင် အခွင့်အလမ်းများ ရရှိစေမည်ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment