Thursday, October 1, 2015
ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ ချင်းတွင်းမြစ်ကြောင်း တစ်လျှောက် ပြည်တွင်းသွားအပျော်စီးသဘောင်္ဖြင့်လည်ပတ်ခြင်း
ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၏ကြီးကြပ်မှု၊ ခရီးသွား ကုမ္ပဏီများ၏စီစဉ် ဆောင်ရွက်မှုဖြင့် ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များသည် ချင်းတွင်းမြစ်ကြောင်း တစ်လျှောက် ပြည်တွင်းသွား အပျော်စီးသဘောင်္များဖြင့် ခရီးစဉ်များကို သွားရောက် လည်ပတ်လျှက်ရှိပါသည်။ Royal Voyage Co,.Ltd ၏စီစဉ်ဆောင်ရွက်မှုဖြင် သြစတြေးလျ နိုင်ငံသား (၉) ဦးသည် ၂၀၁၅ ခုနှစ် စက်တင်ဘာ (၁၁)ရက်နေ့တွင် ရန်ကုန်၊မန္တလေး အပြည်ပြည် ဆိုင်ရာလေဆိပ်များသို့ ရောက်ရှိခဲ့ပါသည်။ စက်တင်ဘာ(၁၂)ရက်နေ့တွင် ရန်ကုန်၊ မန္တလေးမြို့များမှ ကလေးမြို့ သို့ လေကြောင်းဖြင့် သွားရောက်ပြီး လည်ပတ်ခဲ့ပါသည်။ စက်တင်ဘာ (၁၃) ရက်နေ့မှ (၁၅) ရက်နေ့ အထိ RV Katha Pandaw အပျော်စီးရေယာဉ်ဖြင့် ကလေးဝမြို့မှစတင်၍ ချင်းတွင်းမြစ် ကြောင်း တစ်လျှောက် ခရီးစဉ် များဖြစ်သည့် မစိန်၊ မော်လိုက်၊ ကင်းတပ်၊ ယုဝ၊ ခ၀ဲ၊ စစ်သောင်၊ ဖောင်းပြင် သို့ ရောက်ရှိလည်ပတ်ခဲ့ကြပါသည်။ စက်တင် ဘာ(၁၆) ရက်နေ့မှ (၁၈)ရက်နေ့  ထိ သယောင်း၊ သောင်ထွဋ်၊ မောင်းကန်၊ ခန္တီး၊ဟုမ္မလင်း ခရီးစဉ်ဒေသများသို့ လည်ပတ်ပြီး မြန်မာ့ လူနေမှုဓလေ့ စရိုက်များ၊ မြစ်ကြောင်း တလျှောက်ရှုခင်း အလှများကိုလေ့လာပြီး ခရီးဆက် ခဲ့ကြရာ စက်တင်ဘာ (၁၉) ရက်နေ့တွင် ဟုမ္မလင်းလေဆိပ်သို့ ရောက်ရှိပြီး လေကြောင်း ခရီးစဉ်ဖြင့် မန္တလေး ရန်ကုန်မြို့များသို့ ထွက်ခွာပြီး စက်တင်ဘာလ (၂၀)ရက်နေ့တွင် မန္တလေး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှတဆင့် ပြန်လည် ထွက်ခွါ သွားခဲ့ပါသည်။ အလားတူ Royal Voyage Co,.Ltd ၏ စီစဉ်ဆောင်ရွက်မှုဖြင့် အမေရိကန်နိုင်ငံ သား ဧည့်သည် (၈)ဦးသည် စက်တင်ဘာ (၁၈)ရက်နေ့တွင် ရန်ကုန်-မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်များသို့ ရောက်ရှိခဲ့ပါသည်။ စက်တင်ဘာ (၁၉)ရက်နေ့တွင် ဟုမ္မလင်းမြို့သို့ လေကြောင်းဖြင့် သွားရောက်ကာ ဟုမ္မလင်းမြို့တွင်း လည့်ပတ်ကြည့်ရှုခဲ့ပါသည်။ စက်တင်ဘာ(၂၀)မှ စက်တင်ဘာ (၂၅)ရက်နေ့ထိ R.V Katha Pandaw အပျော်စီးသင်္ဘောဖြင့် ခန္တီး၊ ဟုမ္မလင်း၊ သောင်ထွဋ်၊ သယောင်း၊ ခ၀ဲ၊ ယုဝ၊ ကင်းတပ်၊ ကလေးဝမြို့များသို့ သွားရောက်ခဲ့ပါသည်။ စက်တင်ဘာ(၂၆) ရက်နေ့တွင် ကလေးဝမြို့မှ ကလေးမြို့သို့ မော်တော် ယာဉ်ဖြင့်ဆက်လက် ထွက်ခွာ၍ ကလေးမြို့မှ ပြည်တွင်းလေကြောင်း ခရီးစဉ်ဖြင့် မန္တလေး-ရန်ကုန်မြို့များသို့ ထွက်ခွာ၍ စက်တင်ဘာ(၂၇) ရက်နေ့တွင် လေကြောင်း ခရီးဖြင့် ပြန်လည်ထွက်ခွာသွားပါသည်။ ကမ္ဘာလှည့်ခရီးသွားဧည့်သည်များသည် ပွင့်လင်းရာသီသို့ ရောက်ရှိ လာပြီဖြစ်ပါ သဖြင့် မြန်မာနိုင်ငံသို့ အဆက်မပြတ် ၀င်ရောက်၍ ကုန်းကြောင်း၊လေကြောင်း ခရီးစဉ်သာမက ရေကြောင်း ခရီးစဉ်များ ဖြစ်သည့် ဧရာဝတီမြစ်ကြောင်း ခရီးစဉ်၊ ချင်းတွင်း မြစ်ကြောင်း ခရီးစဉ် များဖြင့် မြန်မာ နိုင်ငံ၏ သဘာဝအလှအပရှုခင်းများ၊ ရှေးဟောင်း ယဉ်ကျေးမှု အနုပညာ လက်ရာများ၊ လက်မှု ပညာရပ်လုပ်ငန်းများ၊ တိုင်းရင်းသားများ၏ ရိုးရာဓလေ့စရိုက်များနှင့် နေထိုင်မှုပုံစံများကို ယခင်က ထက် စိတ်ဝင်စားမှု ပိုမိုများပြားစွာ လာရောက်လေ့လာလည်ပတ်လျှက်ရှိကြောင်း သတင်းရရှိပါ သည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment