ယခုနှစ်ကုန်ပိုင်းတွင် စတင်မည့်ဖြစ်သည့်
အာဆီယံစီးပွားရေးအသိုက်အဝန်း AEC အတွက် မြန်မာနိုင်ငံအနေဖြင့် ပြင်ဆင်ထားမှုသည်
(၉၀)ရာခိုင်နှုန်းကျော် ပြီးစီးနေပြီလို့ စီးပွားရေးအသိုက်အဝန်းမှ သိရ ပါသည်။ လက်ရှိတွင်
မြန်မာနိုင်ငံအနေနှင့် AEC အတွက် အကောက်ခွန်လျော့ချမှုသည် (၉၄)ရာခိုင်နှုန်းအထိ ပြီးစီးနေပြီဖြစ်ပြီး
အခြားဝန်ကြီးဌာနများအတွက် ပြင်ဆင်မှုတွင် အများစုပြီးစီးနေကြောင်း သိရပါသည်။ အာဆီယံ စီးပွားရေးအသိုက်အဝန်း AEC ဖြစ်ပေါ်လာပါက
ဒေသတွင်း နိုင်ငံများအကြား ကုန်စည်များ၊ ဝန်ဆောင်မှုများ၊ ရင်းနှီးမြှုပ်နှံမှုများမှအစ
ကျွမ်းကျင်လုပ်သားများပါ ဝင်ရောက်လာမည်ဖြစ်သည့်အတွက် ပြည်တွင်းလုပ်ငန်းများနှင့် ပြည်တွင်း
ထုတ်ကုန်များအနေဖြင့် ဈေးကွက်ယှဉ်ပြိုင်နိုင်ရန် အရေးကြီးပါသည်။ လက်ရှိ ပြည်တွင်းရှိ
အများဆုံး သောလုပ်ငန်းဖြစ်သည့် SMEs လုပ်ငန်းများမှ ပြည်တွင်းထုတ်ကုန်များသည်
ဈေးနှုန်း အရည်အသွေးမှအစ ဒေသတွင်းနိုင်ငံများမှ ဝင်လာမည့် ကုန်ပစ္စည်းတွေနှင့်ယှဉ်ပြိုင်နိုင်ရန်
အခက်အခဲတွေရှိနေပါသေးကြောင်း သိရပါသည်။ ပြည်တွင်းထုတ်ကုန် တင်ပို့မှုများမလာဘဲ AEC နှင့်ထပ်တူ
ပြည်ပမှ သွင်းကုန်များလာပါက ကုန်သွယ်ရေးလိုငွေပြမှုကို ပို၍ဖြစ်စေမည် ဖြစ်ကြောင်း သိရပါသည်။
အာဆီယံစီးပွားရေးအသိုက်အဝန်းသို့ ဝင်ရောက်မှုနောက်ကျသည့် နိုင်ငံများဖြစ်သည့် မြန်မာ၊
ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ်စသည့် နိုင်ငံများသည် ယခုနှစ်ကုန် AEC စတင်ခြင်းနှင့်
သက်မှတ်ချက်များအတိုင်း အတားအဆီးမရှိ လျော့ချမည်မဟုတ်ဘဲ ၂၀၁၈ခုနှစ်အထိ အချိန်ယူကာ တစ်ဖြေးဖြေးလျော့ချခွင့်ရရှိ
ထားကြောင်းလည်း သိရှိရပါသည်။
No comments:
Post a Comment