Monday, November 9, 2015

မြန်မာနိုင်ငံအတွင်းတွင် နိုင်ငံခြားငွေလက်ခံကိုင်ဆောင်ခွင့်လိုင်စင် ပိတ်သိမ်း



မြန်မာနိုင်ငံအတွင်းတွင် ရော်ဘာစိုက်ပျိုးမှု ၂၀၁၁ ခုနှစ်ကထက် စိုက်ဧက (၂)သိန်းခန့် တိုးမြင့်လာပါသည်။ သိုပသော်လည်း ယခုလက်ရှိတွင် ရော်ဘာအထွက်နှုန်းကျဆင်းပြီး ပြည်ပကို တင်ပို့မှုလျော့နည်း လာကြောင်း ရော်ဘာလုပ်ငန်းရှင်များက ပြောကြောင်း သိရပါသည်။ ထိုသို့ကျဆင်းလာခြင်းသည် ရော်ဘာထုတ်လုပ်ရာတွင် အဓိကအားဖြင့် နည်းပညာပိုင်းအားနည်းခြင်းနှင့် မြန်မာ့ရာသီဥတုနှင့် ကိုက်ညီမှုမရှိသည့် မျိုးများကို စိုက်ပျိုးခြင်းကြောင့် ဖြစ်ကြောင်း သိရပါသည်။ ထိုသို့ အရည်အသွေးမတည်ငြိမ်မှုများကို ထိန်းချုပ်သည့်အနေနှင့် ဂျပန်နိုင်ငံ၏ စီးပွားရေးနှင့် ကူသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် အစိုးရမဟုတ်သည့် ဂျပန်အဖွဲ့အစည်း တစ်ခုက နည်းပညာ ကူညီဆောင်ရွက်ပေးနေခြင်းဖြစ်ပါသည်။ ၎င်းအဖွဲ့အစည်းက ရော်ဘာဓာတ်ခွဲခန်း တစ်ခုကို လှည်းကူးမြို့နယ်တွင် တည်ဆောက်ရန်အတွက် ကူညီပေးနေပြီး ယခုလက်ရှိတွင်လဲ စမ်းသပ်လည်ပတ်နေကြောင်း သိရပါသည်။ မြန်မာနိုင်ငံက ထွက်ရှိသည့် ရော်ဘာဈေးနှင့် ကမ္ဘာ့ရော်ဘာဈေးနှင့် တန်းတူရရှိရန်အတွက် နိုင်ငံအတွက်ရော်ဘာအသင်း၏ အသင်းဝင်အဖြစ် လျှောက်ထားပြီး ၎င်းအသင်း၏ အသိအမှတ်ပြု ဓာတ်ခွဲခန်းလက်မှတ်ရရှိရန် ကြိုးစားနေပါသည်။ လက်မှတ်ရရှိပါက ၎င်းဓာတ်ခွဲခန်းတွင် စမ်းသပ်ထားပြီး အသိအမှတ်ပြု လက်မှတ်ရရှိထားသည့် ရော်ဘာများသည် ကမ္ဘာ့ရော်ဘာ ပေါက်ဈေးအတိုင်း ဈေးကောင်းရရှိမည်ဖြစ်ပါသည်။ နိုင်ငံတကာ ရော်ဘာအဖွဲ့အစည်းကလဲ ဓာတ်ခွဲခန်းကို လာရောက်စစ်ဆေး ပေးမည်ဟု သိရပါသည်။

No comments:

Post a Comment