ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်
ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် နိုဝင်ဘာလ(၃၀)ရက်နေ့
နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ တရုတ်ပြည်သူ့ လွတ်မြောက်ရေး
တပ်မတော်မှ ယူနစ်စစ်ဒေသမှူး Major General Yang Guangyue အား လက်ခံတွေ့ဆုံသည်။ တွေ့ဆုံပွဲသို့
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ
တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့ တက်ရောက်ကြပြီး
ယူနန်စစ်ဒေသမှူးနှင့် အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံစစ်သံမှူး Senior
Colonel Wang Jinbo၊ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်မှ အရာရှိကြီးများ
တက်ရောက်ကြသည်။ တွေ့ဆုံစဉ် ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲအခြေအနေများ၊
ရွေးကောက်ပွဲ လွန်ကာလ နိုင်ငံတကာဆက်ဆံရေးနှင့် မြန်မာ-တရုတ်နှစ်နိုင်ငံ
တပ်မတော်နှစ်ရပ် အကြား ဆက်ဆံရေးအခြေအနေများ၊ NCA လက်မှတ်ရေးထိုးပြီးနောက်ပိုင်း
ဆက်လက်လုပ်ဆောင်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ နှစ်နိုင်ငံနယ်စပ်ဒေသ
တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရိုးသားမှုနှင့် ယုံကြည်မှုကို
အခြေခံ၍ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ မူးယစ်ဆေးဝါးနှင့် တရားမ၀င် ကူးသန်း
ရောင်းဝယ်မှုကိစ္စရပ်များတွင် အပြန်အလှန်သတင်းဖလှယ်ရေး၊ ပူးပေါင်းတားဆီးရေး
ကိစ္စရပ်များအား ဆွေးနွေးကြသည်။
No comments:
Post a Comment