Sunday, November 1, 2015

ဘီဘီစီမြန်မာပိုင်း အစီအစဉ်၏ မေးမြန်းဖြေစရာ ဒီချိန်ခါ အစီအစဉ် မန္တလေး မြို့၌ ကျင်းပ

မြန်မာနိုင်ငံတွင် ပထမဆုံးစီစဉ်တင်ဆက်သည့် ဘီဘီစီ မြန်မာပိုင်း အစီအစဉ်၏ မေးမြန်းဖြေစရာဒီချိန်ခါ အစီအစဉ်ကို နိုဝင်ဘာလ(၁)ရက်နေ့ မွန်းလွဲ ၂ နာရီတွင် မန္တလေးမြို့ ဆီဒိုးနားဟိုတယ် အမရပူရခန်းမ၌ ကျင်းပသည်။ အစီအစဉ်တွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းမောင်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို ကော်မတီဝင် ဦးဖြိုးဇေယျာသော်၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်နှင့် ကျား/မတန်းတူ ညီမျှရေး ကွန်ယက် ညွှန်ကြားရေးမှူး ဒေါ်မေစံပယ်ဖြူတို့က ပင်တိုင်ဆွေးနွေး သူများအဖြစ် တက်ရောက်ကြပြီး နိုင်ငံရေးတက်ကြွ လှုပ်ရှား သူများ၊ နိုင်ငံရေးပါတီများ၊ အစိုးရမဟုတ်သည့်အဖွဲ့အစည်းများ၊ စာရေးဆရာများ၊ အနုပညာရှင်များ၊ ရပ်မိရပ်ဖဒေသခံပြည် သူများ၊ ပြည်တွင်းပြည်ပသတင်း မီဒီယာများ၊ စိတ်ပါဝင်စားသူများ၊ ဖိတ်ကြားထားသည် ဧည့်သည်တော်များ တက်ရောက်ကြပြီး ဘီဘီစီမြန်မာပိုင်းအစီအစဉ် ဌာနမှူး ဒေါ်တင်ထားဆွေက အစီအစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်သည်။ အစီအစဉ်သို့ တက်ရောက်လာကြသူများ၏ မေးခွန်းများနှင့် စိတ်ပါဝင်စားသူများက onlineမှ မေးမြန်းသည့် မေးခွန်းများကို ပင်တိုင်ဆွေးနွေးသူများက ပြန်လည်ဆွေးနွေးဖြေကြား ခဲ့ကြသည်။ အဆိုပါအစီအစဉ်ကို နိုဝင်ဘာ ၂ ရက်နှင့် ၃ ရက် တွင် ဘီဘီစီ ညပိုင်းအစီအစဉ်မှ ထုတ်လွှင့်မည်ဖြစ်ပြီး www.bbcburmese.com တွင်လည်း ၀င်ရောက်ကြည့်ရှုနိုင်မည်ဖြစ် ကြောင်း သိရသည်။

No comments:

Post a Comment