Sunday, November 1, 2015

အမျိုးသားဇာတ်ရုံ (ရန်ကုန်)အဆင့်မြှင့်တင် ပြင်ဆင်မွမ်းမံမှု လုပ်ငန်း ဆောင်ရွက်လျက်ရှိ

ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူသည် နိုဝင်ဘာလ(၁)ရက်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန် မြို့ မြို့မကျောင်းလမ်းရှိ အမျိုး သားဇာတ်ရုံ (ရန်ကုန်) ၌ ဇာတ်ရုံ အဆင့်မြှင့်တင် မွမ်းမံပြင်ဆင်မှုများ ဆောင်ရွက်လျက် ရှိသော ကျွမ်းကျင် ပညာရှင်များ၊ LED Display Board များကို တာဝန်ယူ တပ်ဆင် လျက် ရှိသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ Haier Global Business Organization မှ Mr. Han Songတို့နှင့်တွေ့ဆုံပြီး LED Display Board များတပ်ဆင်မှု အခြေအနေ၊ အလင်းပေးမှုစနစ်၊ အသံပိုင်း ဆိုင်ရာစနစ် များ ပြင်ဆင် တပ်ဆင် မှုနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြား သည်။ ယင်းနောက် ပြည်ထောင်စု ဝန်ကြီးသည် Haier Global Business Organization မှ အင်ဂျင်နီယာများနှင့်အတူ ဇာတ်စင် ပေါ်၌ LED Display Board များ တပ်ဆင်ရာတွင် ဇာတ်စင်၊ ဇာတ်ညွှန်း နှင့်ဆက်တင်များအား ကြည့်ရှု သူ ပရိသတ်များ အဆင်ပြေစွာ ကြည့်ရှု နိုင်အောင် တပ်ဆင်သွားရန် မှာကြား သည်။ ပြည်ထောင်စု ဝန်ကြီးသည် နေ့လယ်ပိုင်းတွင် အမျိုးသားပြတိုက် (ရန်ကုန်) အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး အမှုဆောင် အဖွဲ့သစ် နှင့် တွေ့ဆုံပြီး မြန်မာနိုင်ငံတစ်ဝန်း လုံးရှိ သဘင်ပညာရှင် များကို စုစည်း ဦးဆောင်မှုပေးနိုင်သည့် အစည်းအရုံး တစ်ခုဖြစ်ပေါ် လာစေရေး ဆောင်ရွက် ကြရန်၊ ယဉ်ကျေးမှုဝန်ကြီးဌာန အနေ ဖြင့် လိုအပ်သည်များကို ပံ့ပိုးကူညီပေး သွားမည်ဖြစ်ကြောင်း ပြောကြား သည်။ ယင်းနောက် မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး (ဗဟို)မှ ဥက္ကဋ္ဌ ဦးဖိုးချစ်၊ ဒုတိယ ဥက္ကဋ္ဌ(၁)ဦးနေဝင်း၊ ဒုတိယဥက္ကဋ္ဌ(၂)ဦးစိန်မြအောင်၊ အတွင်းရေးမှူး ဦးမိုးဝင်းနှင့်အဖွဲ့ဝင်များက အစည်း အရုံး၏ ရှေ့လုပ်ငန်းစဉ် များကို တင်ပြ ဆွေးနွေးကြသည်။ အဆိုပါ တွေ့ဆုံပွဲသို့ မြန်မာနိုင်ငံ သဘင်ပညာရှင် ဦးရဲဒွေး၊ ဦးအောင် တင်ဝင်းနှင့် မြန်မာနိုင်ငံသဘင်ပညာ ရှင်များအစည်းအရုံး(ဗဟို)နာယက ဦးနန်းဝင်း၊ အမျိုးသားယဉ်ကျေးမှု နှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

No comments:

Post a Comment