Monday, November 9, 2015

လာမယ့်ဒီဇင်ဘာလတွင် နေပြည်တော်တွင် ကျောက်မျက်ရတနာအရောင်းပြပွဲ ပြုလုပ်



ကျောက်မျက်ရတနာအချောထည်လုပ်ငန်းအတွက် ကုန်ကြမ်းများရရှိစေရန် ကျောက်မျက် အရိုင်းများနှင့် ကျောက်စိမ်းအသားကျောက်တွေကို ဒီဇင်ဘာလအတွင်းတွင် မြန်မာကျပ်ငွေနှင့် တင်ဒါစနစ်သက်မှတ်ပြီး ရောင်းချမည်ဖြစ်ကြောင်း သတ္တုတွင်းဝန်ကြီးဌာနမှ သိရပါသည်။ ကျောက်မျက်အရိုင်းများနှင့် ကျောက်စိမ်း အသားကျောက်များ ရောင်းချပွဲကို ဒီဇင်ဘာလ (၇)ရက်နေ့မှ (၁၃)ရက်နေ့အထိ နေပြည်တော်တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ မြန်မာကျပ်ငွေနှင့်ကုန်ကြမ်းတွေကို ပြည်တွင်းတိုင်းရင်းသား လုပ်ငန်းရှင်တွေဆီ ရောင်းချပေးခြင်းကို ရန်ကုန်၊ နေပြည်တော်နှင့် ကချင်ပြည်နယ်ရှိ လုံးခင်းဒေသများတွင် ပြုလုပ်ခဲ့ပါသည်။ ရောင်းချမည့်ပွဲတွင် နိုင်ငံတော်ပိုင် ကျောက်မျက်အရိုင်းနှင့် ကျောက်စိမ်းအသားကျောက်များမှ အနည်းငယ်သာရှိပြီး ပုဂ္ဂလိကပိုင် ကျောက်များကိုသာ အဓိက ရောင်းချပေးမည်ဖြစ်ပါသည်။ ကျောက်မျက် ရတနာရောင်းချပွဲကို ခွင့်ပြုမိန့်ယူပြီး ကျောက်မျက်ရတနာ တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေသည့် နိုင်ငံသားကျောက်မျက်ရတနာလုပ်ငန်းရှင်များ လိုင်စင်ယူပြီး အချောထည်ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း၊ ဝယ်ယူခြင်းလုပ်ငန်းများဆောင်ရွက်နေသည့် နိုင်ငံသား ကျောက်မျက်လုပ်ငန်းရှင်များ၊ သက်တမ်းရှိ GTC လိုင်စင်ရယူထားသူများနှင့် ကျောက်မျက်ရတနာကုမ္ပဏီ မှတ်ပုံတင်ရရှိပြီးသူများ မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင် အသင်းဝင် နိုင်ငံသားများကို သက်မှတ်ချက်နှင့် အညီရောင်းချပွဲကို တက်ရောက်ခွင့် ရရှိမည်ဖြစ်ပါသည်။ ပြည်တွင်း ကျောက်မျက်ရတနာ အချောထည်လုပ်ငန်းများ ကုန်ကြမ်းရရှိရန်အတွက် အဓိကထားရောင်းချပေးခြင်းဖြစ်ပြီး ကုန်ကြမ်းအတိုင်း ပြည်ပကို သယ်ယူခြင်း၊ ရောင်းချခြင်းများ လုပ်ဆောင်ခွင့်မပြုဘဲ ပြည်တွင်းတွင်သာ အချောထည်ပြုလုပ်ပြီး သယ်ယူ ရောင်းချခွင့်ပြုမည်ဟု သိရပါသည်။  

No comments:

Post a Comment