Saturday, July 30, 2016

7 Minutes အစီအစဉ်

ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေန အရင်အစိုးရလက်ထက်ကမူအားဖြင့် တည်ဆောက်ခွင့်ပြုထားသည့် အဆောက်အဦး ပေါင်း ၁၈၅ လုံးကို ပြန်လည်စီစစ်နေဆဲကာလတွင် ရပ်နားထားရန်ဆိုပြီး မေလက နိုင်ငံပိုင်သတင်းစာကနေ ထုတ်ပြန်ကြေညာခဲ့သလို အကောင်အထည်ဖော်နေသည့် အထပ်မြင့်အဆောက်အဦး ၁၂ လုံးကိုလည်း အထပ်များ လျှော့ချရန် ညွှန်ကြားထားခြင်းလည်းရှိပါသည်။ ၎င်းနှင့်ပတ်သတ်ပြီး အခုအချိန်အထိ ဆောက်လုပ်ရေးလောကတွင် ဂရက်များပွက်ပွက်ညံနေဆဲဖြစ်ပြီး လုပ်ငန်းရှင်များဘက်ကလည်း ထိခိုက်နစ်နာခြင်းများရှိခြင်းကြောင့် တိုင်းဒေသကြီး အစိုးရတွင် ပြေလည်မှုမရရှိဘူးဆိုရင် ပြည်ထောင်စုအစိုးရအဆင့်အထိ တင်ပြတောင်းဆိုသွားမှာဖြစ်သည်ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ချို့ကပြောပါသည်။ ၎င်းနှင့်ပတ်သတ်သည့် ဆွေးနွေးမှုကို 7 minutes အစီအစဉ်တွင် ဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးမျိုးမြင့်နှင့်အတူ ကိုအောင်သူရကဆွေးနွေးထားပါသည်။



No comments:

Post a Comment